ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရခဲ့တဲ့ ဖူလ်ဟမ်

5-8-2020-yyl-009.jpg

၂၀၁၈-၁၉ ရာသီက ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရတဲ့ ဖူလ်ဟမ်အသင်းဟာ ချန်ပီယံရှစ် Play-offs ပွဲစဉ်မှာ ဘရန်ဖို့ဒ်အသင်းကို အချိန်ပိုသွင်းဂိုး (၁-၂)ဂိုးနဲ့ အနိုင်ယူပြီး ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန် တန်းတက်ခွင့် ရခဲ့ပါတယ်။ ဘောလုံးလောကရဲ့ တန်ကြေးအကြီးဆုံးဘောလုံးပွဲလို့ တင်စားကြတဲ့ ချန်ပီယံရှစ် Play-offs ပွဲစဉ်မှာ ဖူလ်ဟမ်အသင်းက ဘယ်နောက်ခံလူ ဂျိုးဘရိုင်ယန်ရဲ့ အချိန်ပို သွင်းဂိုး(၂)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

ဒီပွဲမှာ ဘရန်ဖို့ဒ်အသင်းသာ အနိုင်ရခဲ့ရင် ၇၃ နှစ်အတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ကစားခွင့်ရမှာဖြစ်သလို ငွေကြေးအကျိုးအမြတ် ပေါင်သန်း ၁၆၀ ရရှိမှာဖြစ်ပါတယ်။ နည်းပြ စကော့ပါကာရဲ့ ဖူလ်ဟမ်ကတော့ ချန်ပီယံရှစ်မှာ တစ်ရာသီပဲ ကစားပြီး တန်းပြန်တက်ခွင့်ရခဲ့လို့ ငွေကြေးအကျိုးအမြတ် ပေါင် ၁၃၅ သန်း ရရှိမယ်လို့ သိရပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top