နယူးကာဆယ်နဲ့ပွဲမှာ ရခဲလှတဲ့ ဂိုးသွင်းစံချိန်သစ် တစ်ရပ်ကို မန်စီးတီး ရေးထိုး

9-7-2020-yyl-012.jpg

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်ရာသီအတွင်း ၁၀ ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ ကစားသမား ၅ ယောက်ရှိတဲ့ ပထမဆုံးအသင်းအဖြစ် စံချိန်တင်ခဲ့ပါတယ်။ နယူးကာဆယ်ကို ၅ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ တစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ မာရက်ဇ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၀ ဂိုးသွင်းယူနိုင်တဲ့ ၅ ယောက်မြောက် မန်စီးတီးအသင်းသား ဖြစ်ခဲ့ပါတယ်။ မန်စီးတီးဟာ ၁၉၈၄-၈၅ ရာသီက အဲဗာတန်အသင်းနောက်ပိုင်း ဒီစံချိန်ကို ပထမဆုံး ပိုင်ဆိုင်တဲ့အသင်းပါ။

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအတွက် ၁၀ ဂိုးနဲ့အထက် သွင်းယူပေးခဲ့ကြတာကတော့ အဂွေရို(၁၆ ဂိုး)၊ စတာလင်(၁၃ ဂိုး)၊ ဒီဘရိုင်း (၁၁ ဂိုး)၊ ဂါဘရီယယ်ဂျီးဆပ်(၁၁ ဂိုး)၊ မာရက်ဇ်( ၁၀ ဂိုး)တို့ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး (၈၃)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးအသင်းထက် ၉ ဂိုး ပိုများနေပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top