ကစားသမား ဘဝ တစ်လျှောက် ပထမဆုံးအကြိမ် ဗိုလ်လုပွဲ ၂ ကြိမ်ဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့ ရော်နယ်ဒို

18-6-2020-yyl-008.jpg

ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ကစားသမားဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲ ၂ ကြိမ်ဆက်တိုက် ရှုံးနိမ့်ခဲ့ပါတယ်။ ဒီနေ့နံနက် အစောပိုင်း ကစားခဲ့တဲ့ ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲမှာ ဂျူဗင်တပ်က နာပိုလီကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။ ရော်နယ်ဒိုဟာ ဒီပွဲမှာ တစ်ပွဲလုံးပါဝင်ကစားခဲ့ပြီး ဂိုးပေါက်ကို (၃)ကြိမ်ကန်ရာမှာ တစ်ကြိမ်ပဲ ဂိုးပေါက်တည့်ခဲ့ပါတယ်။ ဂျူဗင်တပ်နည်းပြ ဆာရီကတော့ ရော်နယ်ဒိုနဲ့ ဂျူဗင်တပ်အသင်းသားတွေက ဒီပွဲမှာ ထက်မြက်မှုမရှိခဲ့ဘူးလို့ ဝေဖန်ခဲ့ပါတယ်။

ဒီဘားလားနဲ့ ဒန်နီလိုတို့ ပင်နယ်တီ လွဲခဲ့ပြီး နာပိုလီဘက်က ကစားသမား(၄) ယောက်လုံး ပင်နယ်တီ ဝင်ခဲ့လို့ ရော်နယ်ဒိုရဲ့အလှည့်မရောက်ခင်မှာပဲ နာပိုလီက ပင်နယ်တီ(၄-၂)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ ဂျူဗင်တပ်ဟာ ပြီးခဲ့တဲ့နှစ်ကုန်ကလည်း စူပါကိုပါဖလားဗိုလ်လုပွဲမှာ လာဇီယိုအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။ အသက် ၃၅ နှစ်ရှိတဲ့ ရော်နယ်ဒိုဟာ ကစားသမားဘဝတစ်လျှောက် ဗိုလ်လုပွဲ တော်တော်များများ ကစားခဲ့ဖူးပေမဲ့ အခုလို ၂ ကြိမ်ဆက်တိုက် ရှုံးနိမ့်ခဲ့တာကတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top