မက်ဆီ၊ ခရစ္စတီယာနိုတို့တောင် ဘရာဇီးရော်နယ်ဒိုကို ယှဉ်လို့မရဘူးလို့ ရောဘတ်တိုကားလို့စ် ပြော

19-5-2020-yyl-008.jpg

ဒီနေ့ခေတ် ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ ခရစ္စတီယာနိုရော်နယ်ဒိုတို့တောင် ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်နယ်ဒိုကို ယှဉ်လို့မရဘူးလို့ ဘရာဇီးနောက်ခံလူဟောင်း ရောဘတ်တိုကားလို့စ်က ပြောပါတယ်။ ၁၉၉၆-၁၉၉၇ ဘောလုံးရာသီမှာ ဘာစီလိုနာနဲ့အတူ ထွန်းတောက်လာခဲ့တဲ့ ရော်နယ်ဒိုဟာ နောက်ထပ် ၅ နှစ်တာကာလအတွင်း ဒူးဒဏ်ရာပြဿနာတွေ မကြာခဏ ကြုံတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ကြံ့ခိုင်မှုပြန်ကောင်းလာခဲ့ပြီး ဘရာဇီးနဲ့အတူ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲဒီနောက် ရီးရဲလ်မှာ ကားလို့စ်နဲ့အတူ ၅ နှစ်ကြာ ကစားခဲ့ပြီး အဲဒီကာလက နာမည်ကျော်ကစားသမားတွေ ပေါများလွန်းတဲ့ ရီးရဲလ်အသင်းကို ကြယ်စင်စုအသင်းလို့ လူသိများပါတယ်။

” ရော်နယ်ဒိုက လေ့ကျင့်ရေးမှာလည်း ထူးချွန်တယ်။ သူက အကောင်းဆုံးကစားသမားပါ။ ဘယ်တော့မှ နောက်ထပ်ရော်နယ်ဒိုတစ်ယောက် ရှိလာမှာမဟုတ်ပါဘူး။ နေမာ၊ ခရစ္စတီယာနို၊ မက်ဆီတို့တောင် ယှဉ်လို့မရဘူး။ ရော်နယ်ဒိုက ထူးခြားလွန်းတယ်။ ကျွန်တော်တို့ မျိုးဆက်မှာ ဂိုးသွင်းရတာ ပိုခက်တယ်လို့ ကျွန်တော် ထင်တယ်။ ခံစစ်မှူးတွေက ခပ်ကြမ်းကြမ်းကစားသလို တိုက်စစ်မှူးတွေကိုလည်း ကောင်းကောင်းမကာကွယ်ပေးနိုင်ဘူး။ ဒါပေမဲ့ ရော်နယ်ဒိုက ဘာမဆိုလုပ်နိုင်ခဲ့တယ်”လို့ ရောဘတ်တိုကားလို့စ်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top