တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ စာမျက်နှာ အပါအဝင် အခြားတပ်မတော် သတင်းပြန်ကြားရေး စာမျက်နှာတွေကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်

lja3kb2k_facebook-myanmar-millitary-official-reuters_625x300_27_August_18.jpg

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ စာမျက်နှာအပါအဝင် အခြား တပ်မတော် သတင်းပြန်ကြားရေး စာမျက်နှာတွေကို ဖယ်ရှားလိုက်ကြောင်း ဖေ့စ်ဘွတ်ခ်က ဒီနေ့မှာ ကြေညာခဲ့ပါတယ်။ Senior General Min Aung Hlaing၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးနဲ့ မြဝတီ စတဲ့ ဖေ့ဘွတ်ခ် စာမျက်နှာတွေအပါအဝင် အတုအယောင်လို့ ယူဆရတဲ့ အခြား လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၂၀ ရဲ့စာမျက်နှာ ၂၀ လောက်ကို ဖယ်ရှားပစ်ခဲ့တာပါ။

လူ ၁၂ သန်းလောက်က စောင့်ကြည့်ဖတ်ရှုခြင်းခံနေရတဲ့ ဖေ့စ်ဘွတ်ခ်အကောင့် ၁၈ ခု၊ အင်စတာဂရမ် အကောင့်တစ်ခုနဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာ ၅၂ ခု ကိုလည်း တင်ဆက်နေတဲ့ သတင်းစာသားတွေကို စစ်ဆေးသုံးသပ်အပြီးမှာ အမုန်းစကားနဲ့ သတင်းအမှားတွေ ပျံ့နှံ့လာနိုင်မှုကို တားဆီးနိုင်စေဖို့အတွက် ဖြုတ်ချလိုက်ပြီဖြစ်တယ်လို့လည်း ဖေ့ဘွတ်ခ်က ပြောကြားထားခဲ့ပါတယ်။

အခုဖယ်ရှားလိုက်တဲ့ အကောင့်နဲ့ စာမျက်နှာတွေဟာ မခိုင်လုံ၊ မယုံကြည်ရလောက်တဲ့ သတင်းစကားတွေကို ဖေ့စ်ဘွတ်ခ် အသုံးပြုသူတွေအကြား အဓိကပျံ့နှံ့စေနေပြီး ဖေ့ဘွတ်ခ်က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့လည်း ကိုက်ညီမှုရှိမနေတာကြောင့် ဖယ်ရှားပစ်ရခြင်းဖြစ်ကြောင်းကို အဲဒီစာမျက်နှာတွေရဲ့ Screenshot တွေနဲ့တကွ ဖေ့ဘွတ်ခ်က ထုတ်ပြန်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဖော်ပြပါ ဖယ်ရှားခံလိုက်ရတဲ့ အကောင့်နဲ့ စာမျက်နှာတွေအားလုံးကို ဒီနေ့ နေ့လယ်ခင်းပိုင်းအချိန်ကစလို့ ရှာဖွေကြည့်ရှုလို့ မရတော့တာကိုလည်း တွေ့ရပါတယ်။

Ref: Reuters “Facebook removes top Myanmar military official, others from the website”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top