မြောက်ကိုရီးယားက ပင်လယ်ထဲသို့ ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်

5-2-2022-yyl4.jpg

မြောက်ကိုရီးယားနိုင်ငံက ပင်လယ်အတွင်းသို့ ခွဲခြားနိုင်ခြင်းမရှိသေးတဲ့ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံး (JCS)က ထုတ်ပြန်ခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်ပစ်လွှတ်မှုကို ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပထမဆုံး ဖော်ပြခဲ့တာဖြစ်ပြီး ပဲ့ထိန်းဒုံးကျည်ဖြစ်နိုင်တယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ အတည်ပြုချက် ထုတ်ပြန်ခဲ့ခြင်းမရှိသေးပါဘူး။ ကုလသမဂ္ဂက မြောက်ကိုရီးယားနိုင်ငံကို ပဲ့ထိန်းဒုံးကျည်နဲ့ နျူကလီးယားလက်နက်တွေ စမ်းသပ်ပစ်လွှတ်မှုမလုပ်ဖို့ တားမြစ်ပိတ်ပင်ထားပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ ပစ်လွှတ်မှုကို အတည်ပြုနိုင်မယ်ဆိုရင်တော့ ဒါဟာ ၂၀၂၂ ခုနှစ်အတွင်း မြောက်ကိုရီးယားရဲ့ ပထမဆုံး ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု ဖြစ်လာမှာပါ။

” တောင်ကိုရီးယားနဲ့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့က နောက်ထပ်အသေးစိတ်အချက်အလက်တွေ သိရဖို့ ခွဲခြားစိတ်ဖြာမှုတွေ လုပ်နေတယ်” လို့ JCS က ထုတ်ပြန်ခဲ့ပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးအခြေအနေ မတည်ငြိမ်မှုတွေကို တိုးပွားနေလို့
မြောက်ကိုရီးယားအနေနဲ့ ကာကွယ်ရေးစွမ်းရည်တွေ တိုးတက်မြင့်မားအောင် လုပ်ဆောင်သွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ကြေညာခဲ့ပြီး ရက်ပိုင်းအကြာမှာ အခုလို ပစ်လွှတ်ခဲ့တာပါ။ မြောက်ကိုရီးယားနိုင်ငံဟာ ၂၀၂၁ ခုနှစ်ကတည်းက ဒုံးကျည်စမ်းသပ်မှုတွေ ထပ်ဖန်တလဲလဲ လုပ်ဆောင်ခဲ့ပြီး အခုနောက်ဆုံး စမ်းသပ်ပစ်လွှတ်မှုက အရမ်းဝမ်းနည်းစရာကောင်းတယ်လို့ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ၂၀၂၁ ခုနှစ်အတွင်း သူတို့ရဲ့လက်နက်စီမံကိန်းတွေကို အဆင်မြှင့်တင်မှုတွေ လုပ်ဆောင်ခဲ့ပြီး အသံထက်မြန်တဲ့ ဒုံးကျည်အမျိုးအစားသစ်ကို စမ်းသပ်ခဲ့သလို ရထားပေါ်ကနေ ပစ်လွှတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်၊ တာဝေးပစ် ခရုဇ်ဒုံးကျည်တွေကိုလည်း စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ ပဲ့ထိန်းဒုံးကျည်တွေဟာ အားပြင်းတဲ့ ထိပ်ဖူးတွေ တင်ဆောင်နိုင်တဲ့အပြင် အကွာအဝေးရော၊ မြန်နှုန်းပါ ပိုမြင့်မားလို့ ခရုဇ်ဒုံးကျည်တွေနဲ့ယှဉ်ရင် အန ္တရာယ်ပိုများတယ်လို့ သတ်မှတ်ထားကြပါတယ်။

Ref: BBC “North Korea launches ‘unidentified projectile’ into sea”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top