တရုတ်နိုင်ငံမှာ ကျောင်းအားကစားရုံ အမိုးပြိုကျပြီး လူ ၁၁ ယောက် သေဆုံးခဲ့ပါတယ်။ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟီလောင်ကျင်းပြည်နယ် စာသင်ကျောင်းရဲ့ အားကစားရုံထဲမှာ မိန်းကလေး ဘောလီဘောအသင်း ကစားနေတုန်း ခေါင်မိုးပြိုကျခဲ့တာပါ။
မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ သေဆုံးသူ တော်တော်များများက ကလေးငယ်တွေ ဖြစ်တယ်လို့ ဆိုကြပေမဲ့ တရားဝင် အတည်ပြုထားခြင်းတော့ မရှိသေးပါဘူး။ အားကစားရုံထဲမှာ ရှိနေသူ ၁၉ ဦးအနက် ၈ ဦးပဲ အသက်ရှင်ခဲ့ပါတယ်။
ကနဦး စုံစမ်းစစ်ဆေးမှုအရ အားကစားရုံခေါင်မိုးမှာ ရေပါဝင်မှုများတဲ့ မီးတောင်မှန်(perlite)ကို တရားမဝင် ထည့်သွင်းအသုံးပြုထားပြီး မိုးရေဝလာတဲ့အတွက် ခေါင်မိုးပြိုကျခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့ ဒေသစံတော်ချိန်မွန်းလွဲ ၃ နာရီအချိန်မှာ ခေါင်မိုးပြိုကျခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကတော့ တနင်္လာနေ့ နံနက်ပိုင်းအထိ ရှည်ကြာစွာ ဆောင်ရွက်ခဲ့ရတာကြောင့် ကျောင်းအရာရှိတွေရဲ့ ဆက်သွယ်လှုပ်ရှားမှု အားနည်းချက်ကို ကျောင်းသားမိဘတွေက ဝေဖန်ထောက်ပြခဲ့ကြပါတယ်။
Ref: China: 11 die as roof collapses on girl’s volleyball team
NZ ( ရိုးရာလေး)