မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်တဲ့ အဓိကနေရာကို ဖျက်သိမ်းမယ်လို့ အမေရိကန်ပြော

s1.reutersmedia.net_.jpg

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်နဲ့ တွေ့ဆုံချိန်မှာ ဒုံးကျည် အင်ဂျင် စမ်းသပ်တဲ့အဓိက အဆောက်အဦကို ဖျက်ဆီးဖို့ ပြောဆိုခဲ့ရာ မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်ကလည်း နိုင်ငံအနောက်ပိုင်းက ဒုံးကျည် အင်ဂျင်စမ်းသပ်တဲ့အဓိကနေရာကို ဖျက်ဆီးမယ်လို့ ကတိပြုခဲ့ကြောင်းသိရပါတယ်။

မြောက်ကိုရီးယားနိုင်ငံအနောက်ပိုင်းက အဆောက်အဦဟာ တာဝေးပစ်ဒုံးကျည် စမ်းသပ်ဖို့ အတွက်အဓိက အင်ဂျင်တွေ စမ်းသပ်တဲ့နေရာဖြစ်ကြောင်း အမေရိကန် အစိုးရတာဝန်ရှိသူက ပြောခဲ့ပါတယ်။ အမေရိကန်သမ္မတဟာ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တွေဆုံချိန်မှာ ပြောဆိုခဲ့တာဖြစ်ပေမယ့် နေရာ အတိအကျကိုတော့ ကင်ဂျုံအမ်ကို ပြောခဲ့တာ မရှိဘူးလို့ ပြောခဲ့ပါတယ်။

အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ဆိုဟီ ဂြိုလ်တုလုပ်ဆောင်ရေးမြေပြင်မှာ မြောက်ကိုရီးယားနိုင်ငံမှာ တာဝေးပစ်ပဲ့ထိန်း ဒုံးကျည် အင်ဂျင်တွေ စမ်းသပ်နေတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံက အဲဒီတာဝေးပစ်ဒုံးကျည်တွေဟာ အမေရိကန်နိုင်ငံအထိ ပစ်ခတ်နိုင်စွမ်းရှိတယ်လို့ ပြောခဲ့ဖူးပါတယ်။

North Korea’s missile stands are essentially large blocks of concrete and steel designed to hold rocket engines in place during test firing.

မြောက်ကိုရီးယား အစိုးရ တာဝန်ရှိသူတွေကလည်း ဥက္ကဌကြီး ကင်က ဒုံးကျည်စမ်းသပ်တဲ့နေရာကို မကြာမီ ဖျက်သိမ်းဖို့ ကတိပေးခဲ့တယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ဟာ ဒုံးကျည် စမ်းသပ်တဲ့နေရာကို ဖျက်ဆီးမယ်လို့ ပြောခဲ့ပေမယ့် အချိန် အတိအကျ ပြောဆိုခဲ့တာ မရှိဘူးလို့ သိရပါတယ်။ အမေရိကန် အခြေစိုက် မြောက်ကိုရီးယား စောင့်ကြည့်ရေးအဖွဲ့ 38 north က ဒုံးကျည် အင်ဂျင်စမ်းသပ်တဲ့ ဆိုဟီနေရာအပါဝင် အခြားဒုံးကျည် စမ်းသပ်တဲ့နေရာတွေမှာ လှုပ်ရှားမှုတစ်စုံတစ်ရာ မတွေတော့ဘူးလို့ ပြီးခဲ့တဲ့သီတင်းပတ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

Ref: Reuters “U.S. identifies North Korea missile test site it says Kim committed to destroy”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top