တရုတ်နိုင်ငံ၊ တောင်အောက်မှာ တည်ဆောက်ထားတဲ့ ကမ္ဘာ့အနက်ဆုံး မြေအောက်ဓာတ်ခွဲခန်း

11.12.23-yyl-1.jpg

တရုတ်နိုင်ငံက အမှောင်ဒြပ် (Dark Matter)တွေအကြောင်း လေ့လာဖို့ ကမ္ဘာ့အနက်ဆုံး မြေအောက်ဓာတ်ခွဲခန်းတစ်ခု တည်ဆောက်ထားပါတယ်။ မြေအောက်အနက် မီတာ ၂၄၀၀ (၇၈၇၄ ပေ)မှာ တည်ဆောက်ထားတဲ့ ဓာတ်ခွဲခန်းဟာ Deep Underground and Ultra-low Radiation Background Facility for Frontier Physics Experiments (DURF) လို့ အမည်ရပြီး စီချွမ်ပြည်နယ်၊ လျှံရှမ်းယီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ ကျင်းပင်တောင်အောက်မှာ တည်ရှိပါတယ်။

အမှောင်ဒြပ်တွေကို လေ့လာရာမှာ နှောင့်ယှက်ဟန့်တားလေ့ရှိတဲ့ ကော့စမစ်ရောင်ခြည်တွေ ဝင်မလာနိုင်အောင် အလွန်နက်ရှိုင်းတဲ့မြေအောက်မှာ ဓာတ်ခွဲခန်း တည်ဆောက်ခဲ့တာပါ။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကတည်းက စင်ဟွာတက္ကသိုလ်နဲ့ ယာလောင်မြစ် ရေအားလျှပ်စစ်စီမံကိန်းကုမ္ပဏီတို့ ပူးပေါင်းပြီး အဲဒီစီမံကိန်းကို စတင်ဆောင်ရွက်ခဲ့ကြတာပါ။

DURF ဓာတ်ခွဲခန်းဟာ အိုလံပစ်ရေကူးကန် ၁၂၀ စာ အရွယ်အစားရှိပြီး ကုဗမီတာ ၃၃၀၀၀ ကျယ်ဝန်းတာကြောင့် ကမ္ဘာ့အနက်ဆုံး မြေအောက်ဓာတ်ခွဲခန်း ဖြစ်ရုံသာမက ကမ္ဘာ့အကြီးဆုံး မြေအောက်ဓာတ်ခွဲခန်းလည်း ဖြစ်ပါတယ်။ ယခင်က ကမ္ဘာ့အကြီးဆုံး မြေအောက်ဓာတ်ခွဲခန်းဖြစ်တဲ့ ဂရန်ဆက်ဆိုအမျိုးသားဓာတ်ခွဲခန်း (အီတလီ)ထက် အရွယ်အစား နှစ်ဆလောက် ပိုကြီးပါတယ်။

Ref: China Builds World’s Deepest Underground Laboratory to Study Dark Matter

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top