ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ နယ်စပ်မှာ တရုတ်နိုင်ငံက ဗုံးခိုကျင်းတွေ၊ စစ်လက်နက်သိုလှောင်ရေးစခန်းတွေ တည်ဆောက်နေ

26-6-2020-yyl-006.jpg

အခုလအ‌စောပိုင်းက အိန္ဒိယစစ်သည် ၂၀ သေဆုံးခဲ့တဲ့ ဟိမဝန္တာနယ်စပ်တိုက်ပွဲ ဖြစပွားရာနေရာအနီးမှာ တရုတ်နိုင်ငံက အဆောက်အအုံသစ်တွေ တည်ဆောက်နေတယ်လို့ ဂြိုဟ်တုဓာတ်ပုံသစ်တွေအရ သုံးသပ်ထားပါတယ်။ ပြီးခဲ့တဲ့လအထိ ဟာလာဟင်းလင်းဖြစ်ခဲ့တဲ့နေရာမှာ ဗုံးခိုကျင်းတွေ၊ ရွက်ဖျင်တဲတွေ၊ စစ်လက်နက်ကိရိယာသိုလှောင်ရေးစခန်းတွေ ရှိလာတာကို တွေ့ရပါတယ်။ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ဟိမဝန္တာနယ်စပ်ဒေသမှာ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံ ၂ နိုင်ငံကြား တိုက်ပွဲဖြစ်ပွားခဲ့တာက စောင့်ကြည့်ရတဲ့ အနေအထား ဖြစ်လာစေခဲ့ပါတယ်။

တရုတ်နိုင်ငံကတော့ အိန္ဒိယစစ်သည်တွေနဲ့ တိုက်ပွဲဖြစ်ပွားလို့ သူတို့စစ်သည် ဘယ်လောက်ကျဆုံးခဲ့လဲဆိုတာကို အတည်ပြုခြင်းမရှိခဲ့ပါဘူး။ အိန္ဒိယနဲ့ တရုတ်နိုင်ငံကြား တင်းမာမှုတွေ လျှော့ချဖို့ ဆွေးနွေးမှုတွေလုပ်နေချိန်မှာပဲ အခုနောက်ဆုံး ဂြိုဟ်တုဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့တာပါ။ ဇွန်လ ၂၂ ရက်မှာ အာကာသနည်းပညာကုမ္ပဏီ Maxar က ဂြိုဟ်တုဓာတ်ပုံတွေ ရိုက်ကူးထားတာပါ။ တရုတ်နိုင်ငံက ဆောက်လုပ်နေတဲ့ အဆောက်အအုံတွေဟာ ဂယ်ဝမ်မြစ်ကို အပေါ်စီးကနေ စီးမိုးမြင်ရတဲ့နေရာမှာ ရှိတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကရော၊ အိန္ဒိယနိုင်ငံကပါ မှတ်ချက်ပေးခြင်းမရှိသေးပါဘူး။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top