ဟိမဝန္တာတိုက်ပွဲမှာ ဖမ်းဆီးထားတဲ့ အိန္ဒိယစစ်သည် ၁၀ ယောက်ကို တရုတ်နိုင်ငံက ပြန်လွှတ်ပေး

19-6-2020-yyl-006.jpg

ဟိမဝန္တာနယ်စပ်တိုက်ပွဲမှာ ဖမ်းဆီးထားတဲ့ အိန္ဒိယစစ်သည် ၁၀ ယောက်ကို တရုတ်နိုင်ငံက ပြန်လွှတ်ပေးခဲ့တယ်လို့ အိန္ဒိယမီဒီယာတွေက ဖော်ပြပါတယ်။ ပြန်လွတ်လာသူတွေထဲမှာ ဒုတိယဗိုလ်မှူးကြီးတစ်ယောက်နဲ့ ဗိုလ်မှူးသုံးယောက်ပါဝင်တယ်လို့ စစ်တပ်သတင်းရင်းမြစ်တွေကို ကိုးကားပြီး The Hindu သတင်းစာက ဖော်ပြပါတယ်။ အိန္ဒိယအစိုးရက အဲဒီသတင်းကို အတည်မပြုခဲ့သလို အိန္ဒိယစစ်သည်တွေ ပျောက်ဆုံးနေတယ်ဆိုတဲ့ သတင်းကိုလည်း အတည်ပြုခဲ့ခြင်းမရှိပါဘူး။

ဂယ်ဝမ်တောင်ကြားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် အနည်းဆုံး အိန္ဒိယစစ်သည် ၂၀ သေဆုံးခဲ့ပြီး နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံနှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်စေခဲ့ပါတယ်။ ဂယ်ဝမ်တောင်ကြားတိုက်ပွဲမှာ အနည်းဆုံး အိန္ဒိယစစ်သည် ၇၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံကတော့ သူတို့စစ်သည် ဘယ်လောက် သေဆုံးခဲ့လဲဆိုတာ ထုတ်ပြောခဲ့ခြင်းမရှိပါဘူး။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အိန္ဒိယနဲ့ တရုတ်နိုင်ငံကြား ဆွေးနွေးညှိနှိုင်းမှုတွေမှာ အိန္ဒိယစစ်သည်တွေကို လွှတ်ပေးရေးက အဓိကအချက်ဖြစ်ခဲ့တယ်လို့ India Today သတင်းစာရဲ့ ဝါရင့်အယ်ဒီတာ ရှစ်အေရိုအာက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top