အမေကို အိမ်ဝယ်ပေးချင်လို့ ကိုယ်ပိုင်လုပ်ငန်းထောင်ခဲ့တဲ့ ၁၀ နှစ်သားလေး

3d.jpg

အသက် ၁၀ နှစ်အရွယ် ကလေးငယ်အများစုက ကျောင်းဆင်းရင် ဆော့ကစားဖို့ပဲ စဉ်းစားနေမှာဖြစ်ပေမဲ့ အမေရိကန်နိုင်ငံမှ ၁၀ နှစ်သား ကလေးငယ် “အားနက်စတို” (Ernesto Gael Hernandez) ကတော့ အမေကို ကိုယ်ပိုင်အိမ် ဝယ်ပေးချင်တဲ့ ရည်ရွယ်ချက်ကြောင့် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်လျက် ရှိပါတယ်။

သူဟာ ကျောင်းတက်၊ ဘောလုံးလေ့ကျင့်ခန်းဆင်းရင်း တစ်ဖက်မှာလည်း ကိုယ်ပိုင် 3D ပရင်တာ လုပ်ငန်းတစ်ခုကို အောင်မြင်စွာ ဦးစီးနေတာ ဖြစ်ပါတယ်။ အစပိုင်းမှာ အတန်းဖော်တွေအတွက် သော့ချိတ်လေးတွေ အပျော်တမ်းလုပ်ပေးရာကနေ အခုဆိုရင် “Prestige 3D Labs” ဆိုတဲ့ လုပ်ငန်းလေးအထိ ဖြစ်လာခဲ့ပါတယ်။

အမေရိကန်က အသက် ၁၀ နှစ်အရွယ် “အားနက်စတို” (Ernesto) ကတော့ ကိုယ်ပိုင် 3D ပရင်တာလုပ်ငန်းကို အောင်မြင်စွာ ဦးစီးနေပါတယ်။ သူ့အမေက ပရင်တာဝယ်ဖို့ ပိုက်ဆံ အလွယ်တကူမပေးဘဲ အိမ်မှုကိစ္စ ကူလုပ်ပြီး မုန့်ဖိုးစုခိုင်းခဲ့တာပါ။ အားနက်စတိုဟာ ဒေါ်လာ ၅၀၀ စုမိတဲ့အခါ ပရင်တာစဝယ်ပြီး ယူကျု (YouTube) ကနေ ဒီဇိုင်းဆွဲနည်းကို ကိုယ်တိုင်သင်ယူခဲ့ပါတယ်။

အခုဆိုရင် သူဟာ သော့ချိတ်နဲ့ အရုပ်လေးတွေ ထုတ်လုပ်ပြီး ဒေါ်လာ ၁,၅၀၀ ကျော် အမြတ်ရနေပါပြီ။ အော်ဒါတွေ များလွန်းလို့ ဒေသခံစတိုးဆိုင်ကြီးတစ်ခုနဲ့ပါ ချိတ်ဆက်ကာ စက် (၃) လုံးနဲ့ လုပ်ငန်းတိုးချဲ့ လည်ပတ်နေရပါတယ်။

” ကျွန်တော် ကြီးလာရင် အမေနဲ့အတူတူနေဖို့ အိမ်တစ်လုံး ဝယ်ပေးချင်လို့ အခုကတည်းက ကြိုးစားနေတာပါ” ဆိုတဲ့ အသက် ၁၀ နှစ်သားလေးရဲ့ စကားက တကယ့်ကို လေးစားစရာပါပဲ။

Ref: This 10-Year-Old Saved Up for a 3D Printer and Built a Business From Scratch

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top