ပျောက်ဆုံးအီဂျစ်လေယာဉ် ရုတ်တရက်ချိုးကွေ့မှုနှစ်ကြိမ် လုပ်ခဲ့ဟု ဆို

flightjpg.jpg

ပြင်သစ်နိုင်ငံ ပဲရစ်(ပါရီ)ကနေ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို ပျံသန်းနေတုန်း ရေဒါကနေ ပျောက်ဆုံး သွားတဲ့ အီဂျစ်လေယာဉ်ဟာ မြေထဲပင်လယ်ထဲ ထိုးမကျသွားခင် နှစ်ကြိမ်တိုင်တိုင် ရုတ်တရက် ချိုးကွေ့ခဲ့တယ်လို့ ဂရိ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

A320 လေယာဉ်ဟာ ပထမအကြိမ်မှာ ဘယ်ဘက်ကို ၉၀ ဒီဂရီ တိမ်းစောင်းပြီး ကွေ့ခဲ့သလို နောက်တစ်ကြိမ်မှာ ညာဘက်ကို တစ်ပတ်လည်အောင် (၃၆၀ ဒီဂရီကွေ့) ကွေ့ခဲ့တယ်လို့ ဂရိကာကွယ်ရေးဝန်ကြီး ကမ်မီနို့စ်က ပြောပါတယ်။

အဲဒီလေယာဉ်ပေါ်မှာ ခရီးသည် ၅၆ ဦး၊ လေယာဉ်အမှုထမ်း ၁၀ ဦး ပါဝင်ပြီး အဲဒီလူတွေထဲမှာ ဗြိတိန်နိုင်ငံသား တစ်ဦး၊ အီဂျစ်နိုင်ငံသား ၃၀ဦး၊ ပြင်သစ်နိုင်ငံသား ၁၅ ဦး၊ ကနေဒါနိုင်ငံသား တစ်ဦး ပါဝင်တယ်လို့ သိရပါတယ်။ အီဂျစ်နိုင်ငံမှာ ဆိုက်ရောက်မယ့်အချိန် မိနစ် ၄၀ အလို အီဂျစ်လေပိုင်နက်ထဲကို ၁၀ မိုင် ဝင်ရောက်ပြီးတဲ့နောက်
လေယာဉ်ပျောက်ဆုံးသွားတာပါ။

အီဂျစ်နိုင်ငံ မြို့ပြလေကြောင်းဝန်ကြီးဌာန ဝန်ကြီးကတော့ အခုလိုဖြစ်ရတာ စက်ချို့ယွင်းမှုကြောင့်ထက် အကြမ်းဖက် တိုက်ခိုက်ခံရတာ ဖြစ်နိုင်ခြေ ပိုများတယ်လို့ ပြောပါတယ်။ လက်ရှိအချိန်ထိ အဲဒီလေယာဉ်ရဲ့ အပျက်အစီးအပိုင်းအစကို ရှာမတွေ့သေးပါဘူး။ ဒါပေမဲ့ ဂရိကမ်းလွန်ပင်လယ်မှာ တွေ့ရှိရတဲ့ အပိုင်းအစက အီဂျစ်လေယာဉ်ရဲ့ အပိုင်းအစဖြစ်ဖွယ်ရှိတယ်လို့ ဒေးလီးမေးလ်က ဖော်ပြပါတယ်။

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top