ဖြစ်နိုင်ခြေကို လွန်ဆန်ပြီး ရှင်သန်ခဲ့တဲ့ ခေါင်းချင်းဆက်အမြွှာညီအစ်မ သူငယ်တန်းအောင်သွားပြီ

3.7.23-yyl-21.jpg

Twins Abby and Erin were born conjoined. See SWNS story SWFTconjoined. Rare conjoined twins who survived separation surgery despite just 2% chance of survival have graduated kindergarten. Mum Heather Delaney, 33, learned at just 11 weeks pregnant that she was carrying conjoined twin baby girls. Connected at the head - known as craniopagus twins - the babies had a low chance of survival, but fought against the odds.

ခွဲစိတ်မှုအောင်မြင်နိုင်ခြေ ၂ ရာခိုင်နှုန်းပဲ ရှိတဲ့ ခေါင်းချင်းဆက်အမြွှာ ညီအစ်မဟာ အခုအခါမှာတော့ သူငယ်တန်းအောင်သွားခဲ့ပါပြီ။ ဟီသာဒီလာနေးဟာ ကိုယ်ဝန်ဆောင်ချိန် ၁၁ ပတ်အကြာမှ ခေါင်းချင်းဆက်အမြွှာ ကိုယ်ဝန်ဆောင်ထားရမှန်း သိခဲ့တာပါ။ ကိုယ်ဝန်ဆောင်ချိန် သီတင်းပတ် ၃၀ အကြာမှာ မီးဖွားခဲ့ပြီး အမြွှာနှစ်ယောက်ပေါင်း ခန္ဓာကိုယ်အလေးချိန် ၆ ပေါင်ပဲ ရှိပါတယ်။

အက်ဘီနဲ့ အာရင်လို့ အမည်ရတဲ့ အမြွှာညီအစ်မနှစ်ယောက်ဟာ တစ်နှစ်အရွယ်အထိ အထူးကြပ်မတ်ကုသဆောင်မှာ နေခဲ့ရပြီး ဖီလာဒဲလ်ဖီးယားမြို့ ကလေးဆေးရုံမှာ ဦးခေါင်းခွဲစိတ်မှုလုပ်ခဲ့တာပါ။ သူတို့နှစ်ယောက်လုံး ဖွံ့ဖြိုးတိုးတက်မှုပိုင်းဆိုင်ရာ အခက်အခဲတွေ ရှိခဲ့ပေမဲ့ ၇ နှစ်ပြည့်ခါနီးမှာတော့ သိသိသာသာ တိုးတက်လာခဲ့ပါတယ်။

Twins Abby (left) and Erin (right). See SWNS story SWFTconjoined. Rare conjoined twins who survived separation surgery despite just 2% chance of survival have graduated kindergarten. Mum Heather Delaney, 33, learned at just 11 weeks pregnant that she was carrying conjoined twin baby girls. Connected at the head – known as craniopagus twins – the babies had a low chance of survival, but fought against the odds.

” ကံကောင်းလွန်းလို့ ယုံတောင်မယုံနိုင်ဘူး။ သူတို့ သူငယ်တန်းအောင်သွားတာ အိပ်မက် မက်နေတဲ့အတိုင်းပါပဲ” လို့ မိခင်ဖြစ်သူ ဟီသာက ပြောပါတယ်။ ခွဲစိတ်မှုမလုပ်ရသေးခင် ခေါင်းချင်းဆက်နေတဲ့ အမြွှာညီအစ်မနှစ်ဦးရဲ့ဓာတ်ပုံကို သူတို့အိမ်မှာ ချိတ်ဆွဲထားပြီး တစ်နေ့ကျရင်တော့ ဒီအကြောင်း ပြောပြဖြစ်လိမ့်မယ်လို့ ဟီသာက ဆိုပါတယ်။

အက်ဘီနဲ့ အာရင်တို့ဟာ သာမန်ကလေးတွေ တက်တဲ့ ကျောင်းမှာပဲ ပညာသင်ကြားနေပေမဲ့ လိုအပ်ချက်ရှိသူတွေတက်တဲ့ အထူးတန်းမှာ တက်ရောက်နေပါတယ်။ အာရင်က ၅ နှစ်အရွယ်ကတည်းက လမ်းလျှောက်တတ်ခဲ့ပြီး အက်ဘီကတော့ အခုမှ လမ်းစလျှောက်တတ်တာပါ။

Ref: Conjoined Twins Given 2% Odds of Survival Are Now Thriving and Graduating Kindergarten

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top