တရုတ်နိုင်ငံရဲ့ ပထမဆုံး ပြည်တွင်းဖြစ် ခရီးသည်တင်လေယာဉ် လေကြောင်းခရီးစဉ် စတင်ပျံသန်း

28.5.2023-yyl-8.jpg

တရုတ်နိုင်ငံရဲ့ ပထမဆုံး ပြည်တွင်းဖြစ် ခရီးသည်တင်လေယာဉ်ဟာ ပထမဆုံးလေကြောင်း ခရီးစဉ် စတင်ပျံသန်းခဲ့ပါတယ်။ C919 လေယာဉ်ဟာ တနင်္ဂနွေနေ့နံနက်အစောပိုင်းက ရှန်ဟိုင်းကနေ ဘေဂျင်းကို ပျံသန်းခဲ့တာလို့ တရုတ်နိုင်ငံပိုင် ရုပ်သံလိုင်းက ဖော်ပြပါတယ်။

လေကြောင်းလုပ်ငန်းမှာ Airbus နဲ့ Boeing တို့ရဲ့ ကြီးစိုးမှုကို လျှော့ချဖို့ ရည်ရွယ်ပြီး တရုတ်နိုင်ငံ စီးပွားဖြစ်လေကြောင်းပျံသန်းရေးကော်ပိုရေးရှင်း (Comac) က အဲဒီလေယာဉ်ကို တည်ဆောက်ခဲ့တာပါ။ ဒါပေမဲ့ လူ ၁၆၄ ဦးဆံ့ C919 လေယာဉ် တည်ဆောက်ရာမှာ အင်ဂျင်နဲ့ လေကြောင်းသုံးပစ္စည်းတွေ အပါအဝင် အစိတ်အပိုင်း အများအပြားကို အနောက်နိုင်ငံတွေကပဲ ဝယ်ယူခဲ့တာပါ။

ခရီးသည် ၁၃၀ ကျော် လိုက်ပါခဲ့တဲ့ C919 လေယာဉ်ဟာ ၃ နာရီအတွင်း ရှန်ဟိုင်းကနေ ဘေဂျင်းကို ရောက်ရှိခဲ့တာပါ။ Comac ဟာ ၅ နှစ်အတွင်း လေယာဉ် ၁၅၀ အထိ ထုတ်လုပ်ဖို့ စီစဉ်ထားပြီး လက်ရှိအချိန်မှာ C919 လေယာဉ်အော်ဒါ ၁၂၀၀ ရရှိထားတယ်လို့ ဆိုပါတယ်။

Ref: China’s C919 passenger plane makes maiden flight

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top