ဝါရင့်မင်းသားကြီး ဂျက်လီမှာ ဒုတိယဇနီးနဲ့ရထားတဲ့ သမီး ၂ ယောက်အပြင် ပထမဇနီးနဲ့ ရထားတဲ့ သမီး ၂ ယောက်လည်းရှိပါတယ်။ လက်ရှိဇနီးနဲ့ ရထားတဲ့ သမီး ၂ ယောက်ကိုပဲ အရေးပေးတယ်ဆိုတဲ့ ကောလဟလတွေလည်းရှိခဲ့ပါတယ်။ ဒါပေမဲ့ ပထမဇနီး မင်းသမီး Huang Qiuyan နဲ့ ရတဲ့ သမီး ၂ ယောက်ကိုလည်း အလေးထားတယ်ဆိုတာကို ပြီးခဲ့တဲ့ အပတ်က ပြသပြီးတဲ့နောက် သံသယတွေရှင်းသွားခဲ့ပါတယ်။
သူရယ်၊ ဒုတိယဇနီး Nina Li Chi ရယ်၊ ပထမဇနီးနဲ့ရထားတဲ့ သမီး ၂ ယောက်ကြားက ဆက်ဆံရေးအကြောင်းကို So Be It အစီအစဉ်မှာ ထုတ်ပြောသွားခဲ့ပါတယ်။ ပထမဇနီးနဲ့ ရတဲ့ သမီးကြီး ၂ ယောက်နဲ့ Nina တို့က ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့ သိရပါတယ်။ “တရုတ်လူမှုကွန်ယက်ပေါ်တွေမှာ အကြောင်းအရာအများကြီးပြောကြတယ်။ တချို့လူတွေက ကျွန်တော်ရဲ့သမီးကြီး ၂ ယောက်ကို ကောင်းကောင်းမဆက်ဆံလို့ ပြောကြလိမ့်မယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘယ်တုန်းကမှ မရှင်းပြခဲ့ဖူးဘူး။ Nina က သမီးငယ် ၂ ယောက်မရခင်ကတည်းက သမီးကြီး ၂ ယောက်ကို ဂရုစိုက်ပေးမယ်၊ ကျောင်းထားပေးမယ်၊ အရာအားလုံးလုပ်ပေးမယ်၊ မစိုးရိမ်နဲ့လို့ ပြောခဲ့တာပါ။ သမီးကြီး ၂ ယောက်နဲ့ Nina တို့ရဲ့ဆက်ဆံရေးက အရမ်းကောင်းတယ်၊ အရမ်းရင်းနှီးကြတယ်” လို့ ဂျက်လီက ထုတ်ပြောလာခဲ့ပါတယ်။
Nina က ပထမဇနီးနဲ့ ရခဲ့တဲ့ သမီးနှစ်ယောက်အတွက် အသက် ၁၀၀ အထိနေနိုင်မယ့် လုံလောက်တဲ့ ငွေတချို့ကို သီးသန့်ချန်ထားပြီး ငွေတွေက ပုံမှန်လူနေမှုဘဝအတွက် ကောင်းကောင်းလုံလောက်ပြီး သမီးကြီး ၂ ယောက်အလုပ်မလုပ်ရင်တောင် ကိုယ့်ကိုယ်ကို ဂရုစိုက်နေထိုင်ဖို့ လုံလောက်နေသေးတယ်လို့လည်း ဂျက်လီက ပြောပါတယ်။
သူတို့မိသားစုတွေက နှစ်တိုင်း အမေရိကန်နဲ့ စင်ကာပူမှာ အချင်းချင်းတွေ့ဖြစ်ကြတဲ့အပြင် ညီအစ်မ ၄ ယောက်လုံးကလည်း ချစ်ခင်ရင်းနှီးကြတယ်လို့ ဆိုထားပါတယ်။
Ref: Jet Li reveals wife Nina Li Chi set aside funds for his daughters from 1st marriage, enough to last for life
WL (ရိုးရာလေး)

