ဒရုန်းနဲ့ အပင် (၁) ဘီလျံကို ၂၀၂၈ခုနှစ်မှာ အပြီးစိုက်ဖို့ ကနေဒါလူမျိုးတွေ စီစဉ်နေ

25-5-2020-yyl-017.jpg

Flash Forest ဆိုတဲ့ ကနေဒါကုမ္ပဏီက ကနေဦးပရောဂျက်အနေနဲ့ ၂၀၂၈ခုနှစ်မှာ သစ်ပင် (၁) ဘီလျံကို စိုက်ပျိုးဖို့ ဒရုန်းတွေကို အသုံးပြုသွားမယ်လို့ ကတိကဝတ်ပြုထားပါတယ်။ Flash Forest က ဒရုန်းနည်းပညာကို အသုံးပြုပြီး တောမီးလောက်ကျွမ်းခဲ့ရတဲ့ တိုရွန်တိုပြည်နယ်မြောက်ပိုင်းမြေတွေမှာ မျိုးစေ့တွေကို ကျဲပြီး စိုက်ပျိုးသွားမယ်လို့ သိရပါတယ်။ သူတို့ရည်မှန်းထားတဲ့အတိုင်းဖြစ်ဖို့အတွက် အခုလမှာ အပင် (၄၀,၀၀၀) စိုက်ပျိုးဖို့ စီစဉ်ထားတယ်လို့ သတင်းတွေက ဆိုပါတယ်။

Flash Forest ရဲ့ဝက်ဆိုက်မှာတော့ ကုမ္ပဏီက သစ်ပင်တွေမြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက်စိုက်ပျိုးနိုင်ဖို့ ဒရုန်းတွေက ကူညီပေးနိုင်တယ်လို့ ပြောထားပါတယ်။ “Flash Forest က ပုံမှန်နှုန်းထားနဲ့ (၁၀) ကြိမ် စိုက်ပျိုးနိုင်တဲ့ ၊သစ်ပင်စိုက်ပျိုးတဲ့နည်းတွေ (၂၀) ရာခိုင်နှုန်းကုန်ကျခံရတဲ့ ကုမ္ပဏီပါ။ ဒရုန်းနည်းပညာနဲ့ သစ်ပင်ပြန်လည်စိုက်ပျိုးတာတွေမှာ တိတိကျကျ၊ အမြန်နှုန်းနဲ့ လုပ်ဆောင်နိုင်မယ့် နည်းကို ကျွန်တော်တို့တွေ ယူဆောင်လာပါပြီ” လို့ ဆိုပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုကို ကန့်သတ်ဖို့ဆိုရင် အပင် (၁) ဘီလျံဝန်းကျင်လောက် စိုက်ပျိုးဖို့လိုအပ်တယ်လို့ The Intergovernmental Panel on Climate Change ကလည်း ပြောပါတယ်။

ဒီပရောဂျက်နဲ့ပတ်သက်ပြီး Flash Forest ကုမ္ပဏီတွဲဖက်တည်ထောင်သူ အိန်ဂျလီကွိ အာစတုန်းကလည်း ပိုပြီး မြန်မြန်ဆန်ဆန်ပြီးဖို့ လိုအပ်တဲ့အတွက် ကျွန်မဒီကို လာရတာဖြစ်တယ်လို့ ပြောပါတယ်။ “သစ်ပင်တွေ ပြန်လည်စိုက်ပျိုးဖို့အတွက် အမျိုးမျိုးကြိုးစားရပါတယ်။ အများကြီးရှိပေမယ့်လည်း မအောင်မြင်နေတုန်းပါပဲ။ နှစ်တိုင်း သစ်ပင် (၇) ဘီလျံဆုံးရှုံးနေပါတယ်”လို့ အိန်ဂျယ်လီကွိက ပြောပါတယ်။ သစ်ပင်စိုက်တာက သစ်တောပြုန်းတီးမှုကို ဖြေရှင်းသွားမယ်လို့ ပြောလို့မရပေမယ့် ဒရုန်းအသုံးပြုတာက သစ်တောမပြုန်းတီးအောင် ကူညီနိုင်မယ်လို့တော့ အိန်ဂျယ်လီကွိက ပြောပါတယ်။ လူတစ်ယောက်က တစ်နေ့ကို အပင်မျိုးစေ့ (၁၅၀၀) ဝန်းကျင်ကို လက်နဲ့ စိုက်ပျိုးနိုင်ခြေရှိပါတယ်။ ဒရုန်းက တစ်နေ့ကို (၁၀၀၀၀၀) စိုက်ဖို့ စီစဉ်ထားရင် (၁၀,၀၀၀) ကနေ (၂၀,၀၀၀) အထိ စိုက်ပျိုးနိုင်တယ်လို့ ယူဆထားပါတယ်။ ဒါက ကုန်ကျစရိတ်ကို (၅၀) ရာခိုင်နှုန်းလောက် လျော့နည်းသွားစေတယ်လို့ အိန်ဂျယ်လီကွိက ပြောပါတယ်။

ဒရုန်းနဲ့ အပင်မျိုးစေ့တွေကို ပစ်ချပြီးစိုက်မပျိုးခင်မှာ Flash Forest က ကွင်းဆင်းလေ့လာနေကြပါတယ်။ အပင်မျိုးစေ့တွေက (၁) လကျော်ကျော်လောက် ရေမလောင်ဘဲ၊ လူတွေကြည့်စရာမလိုတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်နိုင်အောင် စိုစွတ်တဲ့နေရာမှာ သိုလှောင်နိုင်ဖို့ ဖန်တီးထားပါတယ်။ အပင်မျိုးစေ့တွေကို မြေဆီလွှာထဲရောက်အောင် ဒရုန်းတွေက စိုက်ပျိုးနိုင်ပါတယ်။ စိုက်ပျိုးပြီးတဲ့အခါ ကုမ္ပဏီက တိုးတတ်မှုနှုန်းကို သိရဖို့အတွက် ပြန်လည်စစ်ဆေးကြပါတယ်။ “ပရောဂျက်ပေါ်မူတည်ပြီး (၂) လအကြာမှာ ပြန်သွားကြမှာပါ။ အဲဒီနောက် (၁) နှစ်ကြာ၊ (၂) နှစ်အကြာမှာပေါ့။ အဲဒီကနေ (၃) နှစ်ကနေ (၅) နှစ်အထိပါ။ သတ်မှတ်ထားတဲ့အပင်အရေအတွက်ရောက်သွားရင် ကျွန်မတို့ ရည်မှန်းချက်ပြည့်မြောက်ရဲ့လားဆိုတာသိရဖို့ ပြန်သွားကြည့်ရမှာပါ။ ဒေသနဲ့ကိုက်တဲ့အပင်မျိုးစေ့တွေကိုအသုံးပြုထားပါတယ်။ ဒေသအတွင်းက အပင်မျိုးစေ့ရောင်းတဲ့သူတွေနဲ့ ကျွန်မတို့ လက်တွဲလုပ်ကိုင်ထားပါတယ်” လို့ ကုမ္ပဏီရဲ့တွဲဖက်တည်ထောင်သူက ဆိုပါတယ်။

Ref: Drones To Plant One Billion Trees By 2028

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top