ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတဲ့နိုင်ငံတွေကို ကန်ဒေါ်လာ (၂) ဘီလျံထောက်ပံ့သွားမယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင် ပြော

19-5-2020-yyl-017.jpg

တရုတ်သမ္မတရှီကျင့်ဖျင်က ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို တိုက်ဖျက်နိုင်ဖို့အတွက် အခြားနိုင်ငံတွေကို ကူညီဖို့အတွက် တရုတ်နိုင်ငံက ကန်ဒေါ်လာ (၂) ဘီလျံကို (၂) နှစ်ကျော် ထောက်ပံ့ပေးသွားမယ်နေ့ တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။ COVID-19 ကပ်ရောဂါစတင်ပေါ်ပေါက်ခဲ့တဲ့ နိုင်ငံရဲ့ခေါင်းဆောင်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းအဝေးရဲ့ ဖွင့်ပွဲအခမ်းအနားမှာ ဗီဒီယိုကနေတဆင့်ပြောကြားခဲ့တာဖြစ်ပါတယ်။ “တရုတ်နိုင်ငံက COVID-19 ကို တွန်းလှန်ဖို့ ကူညီတဲ့အနေနဲ့ ကူးစက်ခံရတဲနိုင်ငံတွေ အထူးသဖြင့် ဖွံ့ဖြိုးနေဆဲနိုင်ငံတွေကို ကန်ဒေါ်လာ (၂) ဘီလျံကို (၂) နှစ်ကျော်ထောက်ပံ့ပေးသွားမှာပါ” လို့သမ္မတ ရှီကျင့်ဖျင်က ဆိုပါတယ်။ ရောဂါအတွက် ဖြေဆေး ရရှိတဲ့အခါ ကမ္ဘာတစ်ဝှမ်းကပြည်သူတွေကောင်းဖို့အတွက် လုပ်သွားမှာပါလို့လည်း ပြောကြားခဲ့ပါတယ်။ တချို့တရုတ်ကုမ္ပဏီတွေက COVID-19 ဖြေဆေးအတွက် ထုတ်လုပ်စမ်းသပ်နေပါတယ်။

အဖွဲ့ဝင် (၁၉၄) ဦးပါဝင်တဲ့အစည်းအဝေးကို ပုံမှန်အတိုင်းဆို Geneva မှာ ပြုလုပ်ခဲ့တာပါ။ အခုနှစ်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် တနင်္လာနဲ့အင်္ဂါနေ့ကြားမှာ အစည်းအဝေးအတိုလေးသာလုပ်ဖို့စီစဉ်ခဲ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ကမ္ဘာ့နိုင်ငံတွေ သဘောထားကွဲလွဲမှုတွေရှိနေတဲ့အတွက် ပြေလည်အောင်ဖြေရှင်းဖို့ လုပ်ဆောင်နေကြရပါတယ်။

တရုတ်နိုင်ငံက ဗိုင်းရပ်စ်ရဲ့မူလအရင်းအမြစ်ကို စုံစမ်းစစ်ဆေးဖို့အတွက် အချိန်ရွေ့ဆိုင်းလိုက်ပါတယ်။ အစည်းအဝေးမှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့အခြားနိုင်ငံတွေကို သတင်းအချက်အလက်တွေ ထောက်ပံ့ပေးတဲ့နေရာမှာ တရုတ်က ပွင့်လင်းမြင်သာစွာ တာဝန်ယူထားပြီး ကိုရိုနာဗိုင်းရပ်စ်ရဲ့ နောက်ဆက်တွဲတွေကိုလည်း မျှဝေထားတယ်လို့ သမ္မတက အခိုင်အမာပြောထားပါတယ်။ အာဖရိကမှာ ဗိုင်းရပ်စ်ကြိုတင်ကာကွယ်ထိန်းချုပ်မှုတွေကို တရုတ်နိုင်ငံက ကူညီပံ့ပိုးပေးမယ်လို့လည်း အစည်းအဝေးမှာ ပြောကြားခဲ့ပါသေးတယ်။

ကိုရိုနာဗိုင်းရပ်စ်က တရုတ်နိုင်ငံအတွင်းမှာ စတင်ဖြစ်ပွားပြီးတဲ့နောက် အမေရိကန်နိုင်ငံမှာ တစ်ရက်ကျော်လောက်နဲ့ လူ ၂ သောင်းနီးပါးသေဆုံးခဲ့ရပြီး အခုဆို သေဆုံးသူဦးရေက ၈၉,၅၀၀ ရှိနေပါပြီ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့COVID-19 ကိုင်တွယ်ဖြေရှင်းသုံးသပ်နေစဉ် ကမ္ဘာ့ကျန်းမာရေးအဖွဲအတွက် အမေရိကန်ရန်ပုံငွေတွေကို ပြန်နှုတ်ယူနိုင် ယ်လို့ အမေရိကန်သမ္မတက လွန်ခဲ့တဲ့၁ ပတ်ကျော်က ပြောခဲ့ပါတယ်။ ကွန်ဂရက်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့အတွက် ဒေါ်လာ ၁၂၂ သန်း ဖယ်ထားခဲ့ပါတယ်။ တရုတ်ကတော့ ကမ္ဘာကျန်းမာရေးအဖွဲ့ကို မတ်လမှာ ဒေါ်လာ သန်း ၂၀ လှူဒါန်းပြီးတဲ့နောက် ဧပြီလက ဒေါ်လာ သန်း ၃၀ ထည့်ဝင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

Ref: China’s Xi pledges $2 billion to help fight coronavirus

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top