ဆော်ဒီအာရေးဗျနိုင်ငံရဲ့မြို့တော် ဆောရီယာ့ဒ်မြို့ မှာ ကျင်းပတဲ့ ပွဲတစ်ခုမှာ တရုတ်လူပုံစံတူစက်ရုပ်တွေက ဆော်ဒီရိုးရာဝတ်စုံတွေ ဝတ်ဆင်ပြီးတော့ နာမည်ကြီး Ardah ဓားအကကို ဖျော်ဖြေခဲ့ရာ တက်ရောက်လာသူတွေ အံ့အားသင့်ခဲ့ကြရပါတယ်။ စည်းချက်ညီညီ ဖျော်ဖြေမှုဗီဒီယိုဖိုင်က လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့တာပါ။ အဲ့ဒီပွဲက တရုတ်သံရုံး ကျင်းပခဲ့တဲ့ပွဲပါ။
စက်ရုပ်တွေက ဆော်ဒီရိုးရာဝတ်စုံဝတ်ဆင်ပြီး ဂီတသံစဉ်နဲ့အညီ ဓားအကနဲ့ ဖျော်ဖြေခဲ့ပါတယ်။ နောက်ခံတီးလုံးအဖြစ် ရိုးရာဗုံသံတွေ တီးခတ်နေစဉ် စက်ရုပ်တွေက စည်းချက်ကျကျ အုပ်စုလိုက် လှုပ်ရှားတာ၊ လှည့်ပတ်တာ၊ ဦးညွှတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ဟန်ချက်ထိန်းနိုင်စွမ်းနဲ့စည်းချက်ညီညီလှုပ်ရှားနိုင်စွမ်းတွေက ပွဲတက်ရောက်လာသူတွေရဲ့အာရုံစိုက်မှုကို ချက်ချင်းပဲ ရရှိစေခဲ့ပါတယ်။

Ardah ဓားအကက ဆော်ဒီယဉ်ကျေးမှုအမွေအနှစ်ရဲ့အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒီရိုးရာအကကို များသောအားဖြင့် အမျိုးသားအဖွဲ့က ဓားတွေကို ကိုင်ဆောင်ပြီး ဗုံသံနဲ့ ကဗျာရွတ်ဆိုသံတို့ရဲ့စည်းချက်အတိုင်း ခြေလှမ်းတွေကို ညီညာစွာ လှုပ်ရှားကပြလေ့ရှိပါတယ်။
Ref: Chinese Robots Perform Saudi Sword Dance At Embassy Event In Riyadh, Internet Amazed
WL (ရိုးရာလေး)

