တရုတ်အမျိုးသမီးတွေကြားမှာတော့ ချက်ပုံစံ စတစ်ကာတွေ ခေတ်စားနေပါတယ်။ သူတို့က ခြေတံပိုရှည်တယ်လို့ အထင်ခံရစေဖို့အတွက် ချက်ပုံစံ စတစ်ကာတွေကို အသုံးပြုနေကြတာ ဖြစ်ပါတယ်။ စတစ်ကာတစ်ခုကိုတော့ ယွမ်ငွေ ၅ ယွမ်ကနေ ၁၀ ယွမ်ကြား ပေးရပါတယ်။
ချက် စတစ်ကာကို ချက်အစစ်ရဲ့ အပေါ်ဘက်မှာ ကပ်ထားပြီး ချက် အစစ်ကိုတော့ စကပ် သို့ ဘောင်းဘီနဲ့ အုပ်ထားလိုက်တာပါ။ ချက် စတစ်ကာကို ဖော်ထားလိုက်တဲ့အခါ သူတို့ရဲ့ ခန္ဓာကိုယ်ပိုင်းက တိုတောင်းပြီး ခြေတံတွေက ရှည်ရှည်သွယ်သွယ် ဖြစ်နေတယ်လို့ ထင်ရစေတာပါ။
တရုတ်နိုင်ငံမှာ ချက် စတစ်ကာ ဝယ်လိုအား မြင့်တက်လာတာကြောင့် ထုတ်မလောက်အောင် အရောင်းသွက်နေပြီး တချို့တွေကတော့ ပြန်ဖျက်လို့ရတဲ့ ချက်ပုံစံ တက်တူးတွေ ထိုးနေကြပါတယ်။ တချို့တွေကလည်း စူထွက်နေတဲ့ ချက်အစစ်ကို လူမြင်မခံချင်လို့ ချက်စတစ်ကာတွေကို ကပ်ကြတာ ဖြစ်ပါတယ်။
တရုတ်ရိုးရာ ကျန်းမာရေးအယူအဆအရလည်း ကျန်းမာရေးကောင်းချင်ရင် ဝမ်းဗိုက်အောက်ပိုင်းကို နွေးနွေးထွေးထွေးထားပါလို့ ဆိုစမှတ်ရှိတာကြောင့် ချက်ပေါ် အင်္ကျီဝတ်ချင်တဲ့ အမျိုးသမီးတွေက ချက်အစစ်ကို ဖုံးပြီး ချက်စတစ်ကာ ကပ်ကြတာပါ။
Ref: Chinese Women Are Using Fake Belly Button Stickers to Make Their Legs Look Longer
NZ ( ရိုးရာလေး)