vivo က မြန်မာနိုင်ငံတွင် V255G နှင့် V25e ကို တရားဝင် စတင်မိတ်ဆက်

9-21-2022-yyl-20.jpg

V Series မှ နောက်ဆုံးပေါ်စမတ်ဖုန်းများဖြစ်သည့် V25နှင့် V25e ကို vivo က စက်တင်ဘာ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံ၌ မိတ်ဆက်ခဲ့သည်။ V25 စမတ်ဖုန်းများသည် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့သည့်အခါ ဆန်းသစ်သော အရောင်ပြောင်းလဲခြင်း Glass နည်းပညာ ပါဝင်သည်။

V25 စမတ်ဖုန်းတွင် 64MP OIS Ultra Sensing Rear Camera ပါရှိပြီး ကျောဘက်ကင်မရာတွင် Hybrid Image Stabilization နှင့်အတူ Optical Image Stabilization (OIS) နှင့် Electronic Image Stabilization (EIS) စွမ်းရည်များကို ပေါင်းစပ်ထားသောကြောင့် တုန်ခါမှုနည်းပါးပြီး ကွက်ကွက်ကွင်းကွင်းအသေးစိတ်ကျကျ ကြည်လင်ပြတ်သားသော ဗီဒီယိုများကို မှတ်တမ်းတင်နိုင်စေပါသည်။

ထို့အပြင် Dual Camera စနစ်နှင့် AI algorithm ကိုအသုံးပြုခြင်းဖြင့် နောက်ခံအလင်းရင်းမြစ်များအား အိပ်မက်ဆန်ဆန်မီး‌ရောင် များအဖြစ် ပြောင်းလဲကာ ရင်သပ်ရှုမောဖွယ် ပုံရိပ်များနှင့် ညဘက် ဓာတ်ပုံရိုက်ကူးမှုအတွေ့အကြုံအား ရရှိစေသည့် Bokeh Flare Portrait ပါရှိသည်။V25 5G တွင် 50 MP AF HD Portrait ရှေ့ကင်မရာ ပါဝင်ပြီး အကောင်းဆုံး selfie အတွေ့အကြုံကို ပေးဆောင်ကာ ဓာတ်ပုံစံနှုန်းများကို မြှင့်တင်ပေးနိုင်ပါသည်။

V25 5G တွင် 6nm 5G Processor D900 ပါဝင်ပြီး အစွမ်းထက်သောစွမ်းဆောင်ရည်ဖြင့် ချောမွေ့စွာအသုံးပြုနိုင်မည် ဖြစ်ပါသည်။ 44W Flash Charge နှင့် ကြီးမားသော 4500mAh Battery ပါဝင်သောကြောင့် သုံးစွဲသူများသည် ဖုန်းအားကျဆင်းမှုသက်သာစွာဖြစ် နာရီအတော်ကြာ အသုံးပြုနိုင်မည် ဖြစ်ပါသည်။

ထို့အပြင်၊ ချောမွေ့သောအတွေ့အကြုံကို သေချာစေရန်၊ စမတ်ဖုန်းသည် လိုအပ်သည့်အခါတိုင်း 8GB အပို RAM ကိုပေးဆောင်သည့် Extended RAM 3.0 + 8GB အားလည်း ပံ့ပိုးပေးထားပါသည်။ V25 5G အား Aquamarine Blue နှင့် Diamond Black အရောင်နှစ်မျိုးဖြင့်ရရှိနိုင်မည်ဖြစ်ပြီး 1,229,800 ကျပ် ဖြင့် စက်တင်ဘာလ 17 ရက်နေ့မှစတင်ပြီး Pre-order တင်ထားနိုင်ပါသည်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top