ခရီးသွားတစ်ဦး အင်စတာဂရမ်မှာ နာမည်ကြီးတဲ့ ကောင်းကင်လှေကား တက်ရင်း အမြင့် ပေ ၃၀၀ ကနေ ပြုတ်ကျသေဆုံးခဲ့ရ

21.9.23-yyl-၆.jpg

အသက် ၄၂ နှစ်အရွယ် ဗြိတိန်အမျိုးသားတစ်ဦးဟာ အင်စတာဂရမ်မှာ နာမည်ကြီးနေတဲ့ နေရာဖြစ်တဲ့ ဩစတြီးယားနိုင်ငံရဲ့ Duchstein တောင်မှာရှိတဲ့ လှေကားတံတားပေါ်တက်ရင်း ချော်ကျပြီး အမြင့်ပေ ၃၀၀ ကနေ ပြုတ်ကျသေဆုံးသွားခဲ့ရပါတယ်။ အမည်မသိ အဲဒီအမျိုးသားက အောက်ချိုင့်ဝှမ်းထဲ ပြုတ်ကျခဲ့ချိန်မှာ သူ တစ်ယောက်တည်း အဲ့ဒီတံတားပေါ်မှာ ရှိနေခဲ့တာပါ။

မတော်တဆမှုဖြစ်တယ်ဆိုတာ သိရပြီးနောက် ရဟတ်ယာဉ်နှစ်စင်းနဲ့ အနီးနားက ရဲစခန်း ၂ ခုရဲ့ရဲအရာရှိတွေက အဲ့ဒီအမျိုးသားရဲ့အလောင်းကို ချောက်ထဲကနေ ဆယ်ယူခဲ့ရပါတယ်။ ဒီမတော်တဆမှုဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က ဖြစ်ပွားခဲ့တာပါ။

“ကောင်းကင်လှေကား”လို့ လူသိများတဲ့ အဲ့ဒီလှေကားတံတားက Donnerkogel တောင်ရဲ့နိမ့်ကျတဲ့အပိုင်းကနေ ပေ၆၇၄၀ မြင့်တဲ့တောင်ထွတ်ပါတဲ့ မြင့်မားတဲ့အပိုင်းအထိ ချိတ်ဆက်ထားတာပါ။ အဲ့ဒီသံလှေကားကို Duchstein ဒေသခရီးသွားဝဘ်ဆိုဒ်က တောင်တက်ဝါသနာရှင်တွေအတွက် Zwieselalm မှာ ထိပ်တန်းဆွဲဆောင်မှုအသစ်အနေနဲ့ ပရိုမုတ်လုပ်ခဲ့တာပါ။

အဲ့ဒီလှေကားတက်ဖူးတဲ့ ထောင်ပေါင်းများစွာသော ခရီးသွားတွေက သူ့တို့ရဲ့အတွေ့အကြုံကို အင်စတာဂရမ်မှာ မျှဝေရင်းနဲ့ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ထားတဲ့နေရာဖြစ်ခဲ့ပြီး “ကောင်းကင်လှေကား” အဖြစ် အမည်တွင်ခဲ့တာပါ။

Ref: Tourist Falls 300 Feet To His Death After Crossing ‘Stairway To Heaven’ On Insta-Popular Mountain

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top