Half Marathon အပြေးပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ဖြစ်ခဲ့တဲ့ ချောင်ယွန်ဖက်

21.11.23-yyl-1.jpg

အသက် ၆၈ နှစ်အရွယ် ဟောင်ကောင်မင်းသားကြီး ချောင်ယွန်ဖက်ဟာ နိုဝင်ဘာ ၁၉ ရက်နေ့က ဟောင်ကောင်-ဇူဟိုင်း-မကာအိုတံတားမှာ ပြုလုပ်တဲ့ Half Marathon အပြေးပြိုင်ပွဲမှာ ပထမဆုံးအနေနဲ့ ပါဝင်ခဲ့ပါတယ်။ သူဟာ ၂၁ ကီလိုမီတာ Half Marathon အပြေးပြိုင်ပွဲမှာ ၂ နာရီ ၂၇ မိနစ်အတွင်း ပြီးအောင် ပြေးခဲ့တာပါ။

တချို့ပရိသတ်တွေက ချောင်ယွန်ဖက် နောက်ဆုံးစည်းဖြတ်တာကို မျက်မြင်တွေ့ခဲ့ရပါတယ်။ မောပန်းခြင်းမရှိတဲ့ပုံလည်းပေါ်ပါတယ်။ သူ့ကို လူတိုင်းက အားပေးနေချိန်မှာလည်း လူအုပ်ကြီးဆီ သူ့လက်ကို မြှောက်ပြီး ဝှေ့ယမ်းပြခဲ့ပါတယ်။

အပြေးပြိုင်ပွဲအပြီးမှာ ချောင်ယွန်ဖက်က သူ့ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ပျော်ရွှင်မိတယ်လို့ မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။ နောက်နှစ်ကျရင်လည်း ထပ်မံပါဝင်ဦးမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီ Half-Marathon ဟာ မကြာသေးခင်က ချောင်ယွန်ဖက် ရရှိခဲ့တဲ့ အားကစားမှတ်တိုင်တွေထဲက တစ်ခုပါပဲ။ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက သူဟာ Hong Kong Athletics Cross Country Championships မှာ ပါဝင်ခဲ့ပါတယ်။ အခုနှစ် ဖေဖော်ဝါရီတုန်းကလည်း Hong Kong Marathon မှာ ပါဝင်ခဲ့ပါတယ်။

Ref: Chow Yun Fat, 68, Completes His First 21km Half-Marathon In An Impressive 2hrs 27mins

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top