သိပ္ပံနည်းကျတွက်ချက်မှုအရ ၂၀၂၃ ခုနှစ်ရဲ့ကမ္ဘာ့ဆက်စီအကျဆုံးထိပ်ပြောင်အမျိုးသား ၁၀ ဦး

21.11.23-yyl-3.jpg

လေ့လာမှုတစ်ခုက ရွှေအချိုးအစားကို ထည့်သွင်းစဉ်းစားရုံသာမက အရပ်အမောင်း၊ အသားတင်ကြွယ်ဝချမ်းသာမှု၊ အများသူဌာထင်မြင်ချက်တို့လို အခြားအချက်တွေကိုလည်း ထည့်သွင်းစဉ်းစားပြီးတော့ ကမ္ဘာ့ဆက်စီအကျဆုံးထိပ်ပြောင်အမျိုးသားတွေကို တွေ့ရှိခဲ့ပါတယ်။ SEO အေဂျင်စီတစ်ခုဖြစ်တဲ့ Reboot ဟာ ဆယ်လီတွေထဲကမှ ဆွဲဆောင်မှုအရှိဆုံးထိပ်ပြောင်အမျိုးသားကို ရှာဖွေဖို့ စေ့စေ့စပ်စပ်လေ့လာမှုတစ်ခုကို လုပ်ခဲ့တာပါ။

အပေါ်မှာပြောခဲ့သလိုအချက်တွေအပြင် လေ့လာချက်မှာ မျက်နှာအသွင်အပြင်၊ အသံပိုင်းဆိုင်ရာဆွဲဆောင်မှု၊ အင်္ကျီမပါတဲ့သူတို့တွေရဲ့ပုံတွေကို အွန်လိုင်းရှာဖွေမှုများတာတွေကိုလည်း ထည့်သွင်းစဉ်းစားခဲ့တာပါ။ ဆယ်လီတစ်ဦးစီရဲ့အသားတင်ကြွယ်ဝချမ်းသာမှု၊ အရပ်အမောင်းတွေကို ဒေတာကောက်ပြီး သူတို့ရဲ့မျက်နှာအသွင်အပြင်တွေကို ကွန်ပျူတာအမြင်ဆိုင်ရာ အယ်လဂိုရီသမ်တွေနဲ့ ခွဲခြမ်းစိတ်ဖြာခဲ့တာပါ။ နောက်ဆုံးမှာ လေ့လာထားတဲ့ ဒေတာတွေအားလုံးပေါင်းပြီး ရလဒ်ထွက်လာခဲ့တာပါ။

အခုနှစ်ရဲ့ ဆက်စီအကျဆုံးထိပ်ပြောင်အမျိုးသားတွေက ဘယ်သူတွေလဲဆိုတာ ကြည့်လိုက်ရအောင်…

နံပါတ် ၁၀ – တယ်ရီခရူးစ်

နံပါတ် ၉ – ရှကီလီ အိုနီရယ်

နံပါတ် ၈ – ရှီမာမိုးရ်

နံပါတ် ၇ – ဒွိန်း ဂျွန်ဆင် (The Rock)

နံပါတ် ၆ – မိုက်ကယ်ဂျော်ဒန်

နံပါတ် ၅ – ဂျက်ဖ်ဘီဇို့

နံပါတ် ၄ – ဆင်မြူရယ် အယ်လ် ဂျက်ဆန်

နံပါတ် ၃ – ဂျေဆန်စတက်ဟန်

နံပါတ် ၂ – ဗင်ဒီဇယ်

နံပါတ် ၁ – မင်းသားဝီလျံ

ဆက်စပ်သတင်းဖတ်ရှုရန် –
သိပ္ပံနည်းကျတွက်ချက်မှုအရ ၂၀၂၂ ရဲ့ဆက်စီအကျဆုံးထိပ်ပြောင်အမျိုးသား (၁၀) ဦး
https://yoyarlay.com/top-10-sexiest-bald-men-of-2022…/

Ref: Top 10 Sexiest Bald Men of 2023, According to Study (Vin Diesel Has Been Dethroned)

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top