ဆန်ဖရန်စစ္စကိုမြို့မှာ ၁၃၂ နှစ်အတွင်း စံချိန်တင်အပူချိန် ကျဆင်း

25.2.2023-image-2.jpg

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းမှာ နှင်းမုန်တိုင်း တိုက်ခတ်ပြီး ဆန်ဖရန်စစ္စကိုမြို့မှာ ၁၃၂ နှစ်အတွင်း စံချိန်တင်အပူချိန် ကျဆင်းမှု ကြုံခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ နံနက်ပိုင်းက ဆန်ဖရန်စစ္စကိုမြို့မှာ အပူချိန် ၄ ဒီဂရီဆဲလ်စီးယက်အထိ ကျဆင်းခဲ့တာပါ။

လော့စ်အိန်ဂျလိစ်မြို့မှာ ဆီးနှင်းတွေကျဆင်းခဲ့ပြီး အထင်ကရဖြစ်တဲ့ ဟောလိဝုဒ်ဆိုင်းဘုတ်အနီးတစ်ဝိုက်မှာ မြူခိုးတွေ ကျဆင်းနေတာ တွေ့ရပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်သူ သန်းဆယ်ချီဟာ နှင်းမုန်တိုင်း၊ လေဘေး၊ ရေဘေး သတိပေးချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
နှင်းမုန်တိုင်းကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြုံတွေ့တဲ့ အိမ်ထောင်စု ၁ သန်းနီးပါး ရှိပါတယ်။

Ref: LA snow dusts Hollywood sign as winter storm tightens GRIP – Das Motormagazin

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top