ကစ်ကစ်ကွယ်လွန်သည်ဆိုသည်မှာ သတင်းမှားသာဖြစ်

60966282_2343295025713736_3769466897599299584_n.jpg

ဒီကနေ့ မနက်အစောပိုင်းတုန်းက အွန်လိုင်းသတင်းစာမျက်နှာအများစုကနေ ဟာသသရုပ်ဆောင် ကစ်ကစ် ကွယ်လွန်ပြီဆိုတဲ့သတင်းကို အပြိုင်တင်ခဲ့ကြတာ တွေ့ရခဲ့ပါတယ်။ ကစ်ကစ်ကို အနီးကပ်စောင့်ရှောက်ပေးနေတဲ့ သရုပ်ဆောင် ခင်သဇင်က ဒီသတင်းအမှားနဲ့ပတ်သက်ပြီး

“အခုတင် ရှုတင်ကအပြန် မကစ် ကျောက်ကပ်ဆေးတာကိုဝင်ကြည့်ပြီး ခုတင် (၅၀၀) ကို ပြန်ပို့ပေးခဲ့တာပါ။ အစားလည်းမစားသလို စကားလည်းမပြောတော့ပါဘူး။ ဒီအချိန်က အားလုံးဝိုင်းဆုတောင်းပေးကြရမယ့်အချိန်ရောက်နေပါတယ်။ ပဌာန်းလေးဖွင့်ပေးမှ မျက်စိပွင့်လာပါတယ်။

ဒီည ဆရာမသွေးပေါင်ချိန်တိုင်းတာတော့ အပေါ်သွေး အောက်သွေး ပုံမှန်နဲ့ နှလုံးခုန်နှုန်း (၈၉) ပါ။ ပုံမှန်ပဲလို့တော့ ဆရာဝန်ကပြောပါတယ်။ ဒီည ဓာတ်မှန်လည်းရိုက်ခဲ့ပါတယ်။ သွေးအဖြေလည်း ကောင်းပါတယ်။။အကြောင်းစုံကိုတော့ မနက်ဖြန်မှ ထပ်သိရပါမယ်။

အားလုံးဝိုင်းဆုတောင်းပေးကြပါ။ ဆုံးပြီလို့ မပြောကြပါနဲ့တော့နော်။ သူပြန်သိသွားရင်လည်း မကောင်းပါဘူး။ အတတ်နိုင်ဆုံး ကြိုးစားကုပေးနေပါတယ်။ ဝိုင်းဆုတောင်းပေးကြပါ။ သူ့ကို စိတ်မလျော့လိုက်ဖို့ အကြိမ်ကြိမ် မှာခဲ့ပါတယ်။ ခေါင်းညိမ့်ရှာပါတယ်။ သူ အားတင်းထားဖို့ပဲ မျှော်လင့်ပါတယ်။ ဆုတောင်းပေးကြပါနော်” လို့ သတင်းအမှားတွေ တက်လာပြီးမကြာခင်မိနစ်ပိုင်းမှာပဲ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ အဖြစ်မှန်ကိုရေးသားခဲ့ပါတယ်။

Ref: Khin Thazin’FB (ည ၁၁: ၅၆)
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top