ဘေးဘောင်အားလုံးနီးပါးလောက်မပါဝင်တဲ့ Waterfall Screen ဒီဇိုင်းကို OPPO ကထုတ်ဖော်ပြသ

5d3ef9238d6642536d7e3ad8-750-375.jpg

တရုပ်စမတ်ဖုန်းကုမ္ပဏီကြီး OPPO ကတော့ waterfall screen လို့အမည်ပေးထားတဲ့ အနာဂတ် စမတ်ဖုန်း မျက်နှာပြင်ဒီဇိုင်းသစ်တစ်ခုကို ဖန်တီးထုတ်ဖော်ပြလိုက်ပါပြီ။

ဒီမျက်နှာပြင်ဒီဇိုင်းသစ်မှာ ဘေးဘောင်နှစ်ဘက်ကိုအခုံးပုံစံဖန်တီးထားပြီး Samsung ရဲ့Galaxy S နဲ့ Galaxy Note စီးရီးဖုန်းတွေမှာထက်တောင် ကွေးညွတ်တဲ့ပမာဏက ပိုများနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ဘောင်တွေက သာမန်အတိုင်းကြည့်မယ်ဆိုရင်မြင်ရမှာမဟုတ်ဘဲ ဘေးဘက်ကနေတည့်တည့်ကြည့်မှသာ ဖန်သားပြင်ရဲ့အဆုံးသတ်နားမှာ ဘောင်ရဲ့အစကိုတွေ့ရမှာပါ။

 

ဘေးဘောင်အကွေးဒီဇိုင်းနဲ့ မျက်နှာပြင်ကျယ်ကျယ်ဖုန်းတစ်လုံးကိုသုံးရမှာ စိတ်လှုပ်ရှားစရာကောင်းပေမဲ့ သာမန်အနေအထားနဲ့ကိုင်ထားချိန်မှာ မတော်တဆတို့ထိမိတာနဲ့ unlock လုပ်မိတာတွေမဖြစ်အောင် ဘေးဘောင်နားကဖုန်းမျက်နှာပြင်နေရာကို Disable လုပ်ထားနိုင်ဖို့ ဖန်တီးပေးမယ်လို့တော့ မျှော်လင့်ရမှာပါ။ ဒီမျက်နှာပြင်ပုံစံမျိုးမှာ ဆဲလ်ဖီကင်မရာကို ဘယ်နေရာမှာထည့်မလဲဆိုတာကလည်း ပြောဖို့ ခက်နေပါသေးတယ်။

အခုထုတ်ဖော်ပြလိုက်တဲ့မျက်နှာပြင်ဒီဇိုင်းသစ်ကို စတင်အသုံးပြုသွားမယ့်အချိန်နဲ့ တခြားအသေးစိတ် အချက်အလက်တွေနဲ့ပတ်သက်လို့ OPPO က ထပ်မံထုတ်ပြန်တာကိုတော့ မတွေ့ရသေးပါဘူး။

Ref: BusinessInsider “Chinese smartphone maker Oppo unveiled a futuristic new ‘waterfall screen’ that makes the phone look almost entirely bezel-less”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top