Phone Manufacturer ဆုနှင့် Phone Design ဆုကိုရရှိခဲ့သည့် OPPO က “Game Color Plus” နှင့် “Dual Wi-Fi” နည်းပညာအသစ်နှစ်ခုကိုမိတ်ဆက်

OPPO-Reno-10X-3-Copy.jpg

OPPO သည် သြစတေးလျစမတ်ဖုန်း comparison site တစ်ခုဖြစ်သော WhistleOut မှ တရားဝင်အသိအမှတ်ပြု ပေးအပ်သည့် ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံး Phone Manufacturer ဆုကို သိမ်းပိုက်နိုင်ခဲ့ရုံသာမက ၂၀၁၉ ခုနှစ်၏ အကောင်းဆုံး Phone Design ဆုကိုလည်း OPPO Reno 5G ဖြင့် ရရှိခဲ့သည်။

WhistleOut Awards သည် သြစတေးလျရှိစမတ်ဖုန်းချစ်သူများအတွက် အကောင်းဆုံးသောထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် အစီအစဉ်များကို အစဉ်အမြဲထောက်ပံ့ပေးနေသော စမတ်ဖုန်းဈေးကွက် အတွင်းတွင် ရှိသည့် ကုမ္ပဏီများထဲမှ အသိအမှတ်ပြုပေးအပ်သောဆုဖြစ်သည်။ ယခုနှစ်အတွက် WhistleOut Phone Awards ကို ဈေးနှုန်း၊ စွမ်းဆောင်ရည်၊ ဘက်ထရီ၊ Screen၊ ကင်မရာ၊ ဒီဇိုင်းနှင့် စမတ်ဖုန်းအသုံးပြုသူများ၏ ဖုန်းအသုံးပြုရသည့်ခံစားမှုအတွေ့အကြုံများကို လေ့လာသုံးသပ်သောအဖွဲ့မှ ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံးသောစမတ်ဖုန်းများနှင့် ဖုန်းထုတ်လုပ်သူများကို ရွေးချယ် ပေးအပ်ခြင်းဖြစ်ပါသည်။

ဂိမ်းကစားရာတွင် ပိုမိုကောင်းမွန်သည့်အတွေ့အကြုံကိုရရှိစေမည့် “Game Color Plus” နှင့် “Dual Wi-Fi”

OPPO သည် ဆန်းသစ်သော နည်းပညာသစ်နှစ်ခုဖြစ်သည့် လက်တွေ့ဆန်သောပုံရိပ်များကိုပေးစွမ်းမည့် Game Color Plus နှင့် အင်တာနက်အသုံးပြုရာတွင် ပိုမိုမြန်ဆန်စေမည့် Dual Wi-Fi Technology ကို သြဂုတ်လ (၂) ရက်နေ့က ရှန်ဟိုင်းတွင်ကျင်းပသော Chinajoy expo တွင် မိတ်ဆက်ပေးခဲ့ပါသည်။ ထိုနည်းပညာနှစ်ခုသည် အသုံးပြုသူများ၏ ဂိမ်းကစားမှုအတွေ့အကြုံများကို ကောင်းမွန်အောင်ပြုလုပ်ပေးပြီး ဂိမ်းပုံရိပ်အရည်အသွေး၊ အမြန်နှုန်းတွေလည်းပိုမိုကောင်းမွန်လာအောင် စွမ်းဆောင်ပေးမည်ဖြစ်သည်။

Game Color Plus သည် OPPO နှင့် Qualcomm တို့ပူးပေါင်းခြင်း၏ ရလဒ်တစ်ခုဖြစ်ပြီး မိုဘိုင်းဂိမ်းကစားရာတွင် ယခင်ကထက် ပုံရိပ်အရည်အသွေးပိုမိုကောင်းမွန်လာမည်ဖြစ်ပါသည်။ Qualcomm ၏ Snapdragon Elite Gaming နှင့် Snapdragon၏ ကိုယ်ပိုင်နည်းပညာတို့ပံ့ပိုးပေးထားသောကြောင့် Game Color Plus သည် ဂိမ်းအသွင်အပြင်အရည်အသွေးများကို အသေးစိတ်ကောင်းမွန်လာမည့်အပြင် ဂိမ်းထဲတွင်ရှိသော အရောင်အသွေးများနှင့် စိုတောက်နေသောဂိမ်းမြင်ကွင်းများကို ခံစားရစေမည် ဖြစ်ပါသည်။ ထို့အပြင် Game Color Plus သည် ပါဝါစားသက်သာစေရုံသာမက ပိုကောင်းသောမြင်ကွင်းအရည်အသွေးများနှင့်အတူ ဘက်ထရီသက်တမ်းကိုလည်း ကြာရှည်ခံစေသည့်အတွက်ကြောင့် ဂိမ်းကစားသူများသည် အရည်အသွေးမြင့်မားသည့်ဂိမ်းများကိုကစားရာတွင် ညက်ညောသည့်ဂိမ်းကစားမှုအတွေ့အကြုံကို ခံစားနိုင်မည် ဖြစ်ပါသည်။

နောက်ထပ်မိတ်ဆက်ပေးခဲ့သော Dual Wi-Fi Technology သည် Wi-Fi ကွန်ရက်နှစ်ခုကို တစ်ပြိုင်တည်း ချိတ်ဆက်ပေးခြင်းဖြင့် ဂိမ်းဆော့ရာတွင် လိုင်းအတက်အကျပိုငြိမ်မည့်အပြင် ကွန်ရက်နှစ်ခု ချိတ်ဆက်ထားခြင်း ကြောင့် Download speed လည်းပိုမိုမြန်ဆန်လာမည့် နည်းပညာသစ်တစ်ခု ဖြစ်ပါသည်။ OPPO သည် ထိုကဲ့သို့သော နည်းပညာအသစ်အဆန်းများကို စဉ်ဆက်မပြတ်မိတ်ဆက်ပေးနေသောကြောင့် အနာဂတ်တွင် ထွက်ရှိလာမည့်စမတ်ဖုန်းများသည် စိတ်လှုပ်ရှားဖွယ်ရာကောင်းလာမည်မှာ အမှန်ပင်ဖြစ်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top