11-12-2020-yyl-012.jpg

ကပ်ရောဂါအတွင်း ကူညီပေးခဲ့တဲ့ စေတနာ့ဝန်ထမ်းကို ကျေးဇူးတင်မဆုံးဖြစ်နေတဲ့ ကင်ဆာရောဂါသည်

အခုလိုကပ်ရောဂါအတွင်းမှာ အကျပ်အတည်းဖြစ်နေတဲ့၊ ဒုက္ခရောက်နေတဲ့သူတွေအတွက် ပရဟိတအဖွဲ့အစည်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေက အသင့်ရှိနေပါတယ်နော်။ ဖလော်ရီဒါတောင်ပိုင်းမှာလည်း ဒုက္ခရောက်နေတဲ့သူတွေကို ကူညီပေးနေတဲ့ Pandemic of Love ဆိုတဲ့ပရဟိတအဖွဲ့အစည်းတစ်ခုရှိပါတယ်။ ကပ်ရောဂါအတွင်းမှာ အဲဒီအဖွဲ့အစည်းရဲ့စေတနာ့ဝန်ထမ်းတစ်ဦးက ကင်ဆာရောဂါသည်တစ်ယောက်ကို ကူညီပေးခဲ့လို့ သူဟာ ကျေးဇူးတင်ခြင်းခံနေရပါတယ်။ အဲဒီစေတနာ့ဝန်ထမ်းကတော့…

15-10-2020-yyl-026.jpg

Clean Yangon တစ်ပတ်အတွင်း လှုပ်ရှားမှုများ

(အောက်တိုဘာ ၈ ရက်မှ ၁၅ ရက်အတွင်း)ဒီတစ်ပတ်မှာ Clean Yangon အဖွဲ့သားတွေအနေနဲ့ ဘယ်နေရာတွေမှာ လှူဒါန်းမှုတွေပြုလုပ်ခဲ့လည်းဆိုတာကို မျှဝေပေးချင်ပါတယ်။ အိမ်တိုင်ရာရောက်လှူဒါန်းတဲ့ “မျှဝေဖေးကူဒို့အတူ” အစီအစဉ်အနေနဲ့ကတော့ ဒီတစ်ပတ်မှာ ဒလမြို့နယ် အံ့ကြီးရပ်ကွက်က အိမ်ထောင်စုတွေ၊ တောင်ဒဂုံမြို့နယ် (၆၀)…

24-7-2020-yyl-005.jpg

သေပြီထင်ထားတဲ့မြင်းကို ပြန်ပြီးကျန်းမာဝဖြိုး လာအောင် ကုသပေးနိုင်ခဲ့တဲ့ဖြစ်ရပ်

သေပြီးလို့ ထင်ထားတဲ့ မြင်းကို အသက်ရှင်နေသေးတယ်ဆိုတာ မြင်တွေ့ရရင် ဘယ်သူမဆို ဝမ်းသာမိကြမယ်ထင်ပါတယ်။ Here4Horses ပရဟိတအဖွဲ့အစည်းက စေတနာ့ဝန်ထမ်းတွေကတော့ အဲဒီလိုဖြစ်ခဲ့တဲ့ မြင်းတစ်ကောင်နဲ့ ကြုံတွေ့ခဲ့ရဖူးပါတယ်။ ဟေဒီဆိုတဲ့ မြင်းလေးက ပုံပန်းအသွင်အပြင်မပေါ်တော့လောက်အောင် ပိန်ချုံးချည့်နဲ့နေပြီး မလှုပ်မရက်ရှိနေတဲ့အတွက် သေပြီလို့ထင်ခဲ့ကြတာပါ။ ဒါပေမဲ့…

30-6-2020-yyl-036.jpg

ကပ်ရောဂါအတွင်း ဆင်တွေကို ကျွေးဖို့အတွက် ကြံ တန်ချိန် (၆၀) ကို အလကား ပေးခဲ့တဲ့ ထိုင်းလူမျိုး ကြံခင်းပိုင်ရှင်

COVID-19 ကပ်ရောဂါအတွင်းမှာ လူတွေရဲ့စီးပွားရေး ထိခိုက်နစ်နာခဲ့ရတဲ့အပြင် တိရစ္ဆာန်တွေလည်း အစာရေဆာအတွက် အခက်အခဲဖြစ်နေကြရပါတယ်။ ဆင်စခန်းတော်တော်များများလည်း Lockdown စည်းမျဉ်းတွေအရ ပိတ်ထားရတာကြောင့် လာရောက်လည်ပတ်သူလည်းမရှိတော့တဲ့အတွက် အခုဆိုရင် စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအခြေအနေက ဆင်စခန်းတော်တော်များများကို ဆင်တွေ အစာကျွေးဖို့ မတက်နိုင်ဖြစ်စေခဲ့ပါတယ်။…

14-5-2020-yyl-005.jpg

COVID-19 ကာလအတွင်း စေတနာ့ဝန်ထမ်းလုပ်နေတဲ့ တော်ဝင်မင်းသမီး ယူဂျီးနီ

အယ်လီဇဘက်ဘုရင်မကြီးရဲ့(၆) ယောက်မြောက်မြေးတော်၊ မင်းသားအန်ဒရူးရဲ့သမီးတော် ယူဂျီးနီဟာ သူ့ရဲ့ခင်ပွန်း ဂျက် ဘရွတ်စ်ဘန့်နဲ့အတူ COVID-19 ကာလအတွင်း စားသောက်ကုန်သိုလှောင်ပေးတဲ့နေရာတွေအတွက် ပါဆယ်ထုပ်တွေ ထုပ်ပိုးတာကို ကူညီပေးနေခဲ့တယ်လို့ သိရပါတယ်။ သူဟာ ငွေကြေးအခက်အခဲဖြစ်နေတဲ့ သူတွေကိုကူညီပေးဖို့အတွက် The Salvation Army…

50160276_412740479469920_8345934158429683712_n.jpg

အိမ်ရာမဲ့သခင် ဆေးရုံက ပြန်ဆင်းလာမဲ့ အချိန်ထိ စောင့်နေခဲ့တဲ့ ခွေးလေးတွေ

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဘရာဇီးနိုင်ငံ၊ ချောနော့တီမြို့မှာ လူတစ်ယောက်ကို လေဖြတ်ရောဂါကြောင့် ဆန်တာကာဆာဆေးရုံမှာ အမြန် ဆေးရုံတင်လိုက်ရပါတယ်။ ဆေးရုံတင်လိုက်ရတဲ့သူဟာ အိမ်ရာမဲ့တစ်ဦးဖြစ်ပေမဲ့လည်း သူဟာ တစ်ယောက်တည်း အထီးကျန်နေသူ မဟုတ်ပါဘူး။ သူ့ရဲ့ မိတ်ဆွေကောင်းတွေဟာ သူအကူအညီလိုတဲ့အချိန်မှာ သူ့ဘေးကနေ မထွက်သွားဘဲ အနားမှာရှိနေခဲ့ပါတယ်။…

46774729_2262704967281330_370310667216879616_n.jpg

စာအုပ်ဆိုင်လေး နေရာပြောင်းနိုင်ဖို့ လက်ဆင့်ကမ်း ဝိုင်းဝန်းကူညီခဲ့ကြတဲ့ စာအုပ်ချစ်သူများ

မိမိကြိုက်နှစ်သက်တဲ့ စားသောက်ဆိုင်လေးတွေ၊ စာအုပ်ဆိုင်လေးတွေ ပိတ်သွားမယ်ဆိုရင် ဘယ်သူမဆို ဝမ်းနည်းမှာပါပဲ။ ဒါပေမဲ့ အင်္ဂလန်နိုင်ငံ ဆောက်သမ်တန် မြို့သူ မြို့သားတွေကတော့ သူတို့ချစ်တဲ့ စာအုပ်ဆိုင်လေး ပိတ်မသွားအောင် တစ်ယောက်တစ်လက် ဝိုင်းဝန်းကူညီခဲ့ကြပါတယ်။ ၁၉၇၇ ခုနှစ်ကတည်းက ဆောက်သမ်တန်မြို့မှာ ဖွင့်လှစ်ထားခဲ့တဲ့…