ဆမ်းဆောင်းမြန်မာ (Samsung Myanmar) မှ ရေဘေးသင့်ဒေသများသို့ ကူညီထောက်ပံ့မှု

23-7-2020-yyl-017.jpg

ကမ္ဘာတစ်ဝန်း မိုဘိုင်းနဲ့ အီလက်ထရောနစ် ထုတ်လုပ်ဖြန့်ချိ ရောင်းချလျက်ရှိတဲ့ Samsung ဟာ မြန်မာပြည်မှာလည်း Samsung Myanmar အမည် တည်ရှိနေပါတယ်။ ယင်း အဖွဲ့အစည်းဟာဆိုရင်ဖြင့် ကုန်ပစ္စည်းရောင်းချမှုအပြင် ရေဘေးသင့် ဒေသများအပေါ် ကူညီထောက်ပံ့မှုများကို လူအား၊ ငွေအား ဖြင့် အင်တိုက်အားတိုက် ပါဝင်နေမှုကို တွေ့ရတဲ့အခါ ဝမ်းသာပီတိ ဖြစ်မိ ပါတယ်။ လက်တလောကပဲ ငွေကြေးအားဖြင့် အမေရိကန်ဒေါ်လာ ၁ သိန်း နဲ့ အမေရိကန်ဒေါ်လာ ၃ သောင်း ဝန်းကျင် တန်ဖိုးရှိသော Samsung TV များကို လှူဒါန်းခဲ့ ပါတယ်။

ယင်းလှူဒါန်းမှုကို မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ တစ်ဆင့် ပြုလုပ်ခြင်း ဖြစ်ပြီး ငွေကြေးကို ရေဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးမှာ အသုံးပြုမှာ ဖြစ်ကြောင်း သိရပါတယ်။ တီဗီများကို ကျောင်းများ၊ သင်ကြားရေးများမှာ အသုံးပြုစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Samsung Myanmar ကနေပြီးတော့ ရောင်းချတဲ့ မိုဘ်ိုင်းဖုန်းနဲ့ အီလက်ထရောနစ်ပစ္စည်းများမှ ရရှိတဲ့ အကျိုးအမြတ်များကိုလည်း ခွဲဝေလှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ယင်းအတွက် ပြည်သူဆီမှ အလှူငွေထပ်မံကောက်ခြင်း၊ ကုန်ပစ္စည်းအပေါ် ဈေးပိုတင်ခြင်းတို့ မပြုလုပ်ပဲ ပုံမှန် ရောင်းချနေကျ ဈေးနှုန်းကနေ ရရှိတဲ့ အကျိုးအမြတ်များကို ခွဲဝေ လှူဒါန်းခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူတို့ရောင်းချတဲ့ ယနေ့ ကုန်ပစ္စည်းအသစ်အချို့မှာ ‪#‎SaveMyanamr‬  ‪#BetterTogether‬ အစရှိသဖြင့် sticker များ ပါဝင်နေတာကို မြင်တွေ့ရပါလိမ့်မယ်။

မြန်မာကျပ်ငွေ သိန်း ၂၀၀ ဖိုးရှိတဲ့ စိုက်ပျိုးရေး မျိုးစေ့နှင့် လယ်ဧကများ ပြန်လည်ထူထောင်ရေးဆိုင်ရာ ပစ္စည်းများကို ဝယ်ယူပေးခြင်းကိုလည်း ပြုလုပ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ကလေးမြို့သို့ သွားရောက်ပြီးတော့ အီလက်ထရောနစ် ပစ္စည်းများကို သွားရောက် စစ်ဆေး ပြင်ဆင်ပေးခြင်း၊ ပဲခူးတွင် ရေဘေးသင့်ချိန်မှာပဲ Samsung Myanmar အဖွဲ့သားများမှ ကိုယ်တိုင် သွားရောက် လှူဒါန်းခြင်းများကို ပြုလုပ်ခဲ့ ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်းမှာပဲ Samsung ရဲ့ မြန်မာနိုင်ငံနေ ပြည်သူများအတွက် ဘက်ပေါင်းစုံမှ လှူဒါန်းပေးမှုဟာ ငွေကြေး တန်ဖိုးအရ တွက်ချက်ရင် အမေရိကန်ဒေါ်လာ တစ်သန်း ဝန်းကျင်ရှိပါတယ်။

စီးပွားရေးအရ ပြန်လည်ထူထောင်နိုင်ရန်၊ လူမှုရေးအရ ပြန်လည်အဆင်ပြေစေရန်၊ ပညာရေးများ ပြန်လည် ထူထောင်နိုင်ရန် အစရှိသဖြင့် ဘက်ပေါင်းစုံတို့ကို ကူညီဖို့ ငွေကြေးတင် အသုံးပြုရုံတင် မဟုတ်ပဲ နည်းဗျူဟာကျကျ ပါဝင်ကူညီပေးနေမှုဟာ ကြိုဆို ဂုဏ်ပြုစရာ ဖြစ်တာကြောင့် သတင်းကောင်း အဖြစ် ရိုးရာလေးမှ တစ်ဆင့် မျှဝေပေးလိုက်ရ ပါတယ်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top