(အောက်တိုဘာ ၁၅ ရက်မှ ၂၂ ရက်အတွင်း)
ဒီတစ်ပတ်မှာ Clean Yangon အဖွဲ့သားတွေအနေနဲ့ ဘယ်နေရာတွေမှာ လှူဒါန်းမှုတွေပြုလုပ်ခဲ့လည်းဆိုတာကို မျှဝေပေးချင်ပါတယ်။
အိမ်တိုင်ရာရောက်လှူဒါန်းတဲ့ “မျှဝေဖေးကူဒို့အတူ” အစီအစဉ်အနေနဲ့ကတော့ ဒီတစ်ပတ်မှာ တောင်ဒဂုံ၊ မှော်ဘီ၊ မြောက်ဥက္ကလာ၊ ရွှေပေါက်ကံနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းက အိမ်ထောင်စုတွေကို အခြေခံစားသောက်ကုန်တွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။
Clean Yangon အနေနဲ့ အပတ်စဉ်သောကြာနေ့တိုင်း ရန်ကုန်ဆေးရုံကြီးနဲ့ ဝေဘာဂီဆေးရုံကြီး (မြောက်ဥက္ကလာပမြို့နယ်) က ကျန်းမာရေးဝန်ထမ်းတွေကို ထမင်းဗူးလှူဒါန်းတာမျိုးတွေလည်း ပြုလုပ်ခဲ့ပါတယ်။









Photos- Clean Yangon
Cherry(ရိုးရာလေး)