ကလေးကို အင်တာနက်ဝန်ဆောင်မှုရဲ့နာမည် အမည်ပေးခဲ့လို့ (၁၈) နှစ်တာ Wifi အခမဲ့ရရှိ

22-10-2020-yyl-011.jpg

စာဖတ်ပရိသတ်တွေရော တကယ်လို့ အင်တာနက်ဝန်ဆောင်မှုက သူတို့ပေးစေချင်တဲ့နာမည်ကို သင့်ကလေးကို အမည်ပေးလို့ နှစ်အကြာကြီး Wifi အခမဲ့ပေးမယ်ဆိုရင် သင့်ကလေးကို အမည်ပေးမှာလား။ ဆွစ်ဇလန်နိုင်ငံက မိဘ (၂) ပါးကတော့ သူတို့ရဲ့ကလေးလေးကို အင်တာနက်ဝန်ဆောင်မှုက အမည်ပေးခိုင်းတဲ့ နာမည်ကို ပေးခဲ့တဲ့အတွက် Wifi အခမဲ့ရရှိခဲ့ပါတယ်။ အင်တာနက်ဝန်ဆောင်မှုကပေးတဲ့ နာမည်နဲ့ ကလေးလေးဟာ သူ့ရဲ့အသက် (၁၈) နှစ်အထိ Wifi အခမဲ့ရရှိသွားမှာဖြစ်ပါတယ်။

(၁၈) နှစ်တာ Wifi အခမဲ့ ရရှိဖို့အတွက် လုပ်ပေးရမှာက ကလေးကို အင်တာနက်ဝန်ဆောင်မှုက အမည်ပေးခိုင်းတာကို ပေးလိုက်ရုံပါပဲ။ ကလေးတွေကို သူတို့ပေးခိုင်းတဲ့နာမည်ကို ပေးချင်စိတ်ရှိတဲ့သူတွေကို (၁၈) နှစ်တာ Wifi အခမဲ့ပေးခဲ့တဲ့ အင်တာနက်ဝန်ဆောင်မှုကတော့ စတည်ထောင်ခါစပဲရှိသေးတဲ့ Twifi ဝန်ဆောင်မှုပါပဲ။ Twifi အင်တာနက်ဝန်ဆောင်မှုက မိဘတွေကို ကလေးဟာ ယောက်ျားလေးဆိုရင် Twifius, မိန်းကလေးဆိုရင် Twifia လို့ အမည်ပေးစေခဲ့တာပါ။

ဆွစ်ဇလန်က အဲဒီမိဘက သူတို့ရဲ့သမီးမိန်းကလေးကို နာမည်အလယ်စလုံးအနေနဲ့ Twifia လို့ ပေးခဲ့ပါတယ်။ သူတို့တွေက Wifiအခမဲ့ကနေ စုဆောင်းရမိမယ့်ငွေတွေကို သူတို့သမီးလေးအတွက် ငွေစုအကောင့်လုပ်ပေးထားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အစက Twifia ရဲ့မိခင်က ဒီနာမည်ပေးဖို့ တုံ့ဆိုင်းမိခဲ့ပေမဲ့ နောက်တော့ သူ့အတွက် Twifia ဆိုတဲ့ နာမည်က Connection ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီး ဆိုးရွားတဲ့နာမည်တွေတောင် ရှိသေးတာပဲလို့ စဉ်းစားမိခဲ့ကာ သဘောတူခဲ့ပါတယ်။ Twifi တည်ထောင်သူနဲ့ စီအီးအို ဖိလစ်ပီ ဖော့စ်ချ်ကလည်း ကုမ္ပဏီရပ်ဆိုင်းသွားရင်တောင် သူတို့ကို Wifi အခမဲ့ပေးသွားဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။

Ref: WorldofBuzz “This Parents Got 18 Years Of Free Wifi After Naming Their Baby After An Internet Provider”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top