ကြီးမာကောင်းမွန်ပြီး ဆန်းသစ်တဲ့စွမ်းဆောင်ရည်များနဲ့ OPPO A52 ကို မြန်မာနိုင်ငံ ဈေးကွက်မှာ စတင်မိတ်ဆက်

A52-Photo-1.jpg

OPPO က “Beyond the Ordinary” ဆိုတဲ ဆောင်ပုဒ်နှင့် အတူ ကြီးမားကျယ်ပြန့်သော Display၊ စွမ်းဆောင်မှု ကောင်းမွန်တဲ့ AI Quad Camera (၄)လုံး ပါဝင်တဲ့ OPPO A52 ကို မေလ (၁၂) ရက်နေ့ ဒီနေ့မှာ မြန်မာနိုင်ငံဈေးကွက်တွင် စတင်မိတ်ဆက်လိုက်ပါတယ်။ 4 GB RAM + 128 GB ROM ပါရှိတဲ့ OPPO A52 မှာ လက်တွင် ကိုယ်တွယ် အသုံးပြုမှု ကောင်းမွန်အောင် 3D Quad-Curve Body နှင့် ထုတ်လုပ်ထားကာ ဝင်ရိုးစွန်းမှ ကောင်းကင် အလင်းရောင်ပြောင်းလဲမှုကို အခြေခံပြီး Twilight Black (အနက်ရောင်) နှင့် Stream White (အဖြူရောင်) ဆိုပြီး ရောင်ပြေး (၂) ရောင်တို့ဖြင့် ရရှိနိုင်မှာဖြစ်ပါတယ်။ မြန်မာ‌ကျပ်ငွေ ၂၉၉,၉၀၀ ကျပ် ဖြင့် မေလ ၁၂ ရက်နေ့မှ စတင်ပြီး မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိဆိုင်များနှင့် shop.com.mm တို့မှာ ပို့ဆောင်ခ အခမဲ့ဖြင့် ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

OPPO A52 က Screen-to-body Ratio: 90.5% ရှိပြီး သာမာန်ထက်ကျယ် 6.5-inch LCD Blind Hole Screen ပါရှိကာ Resolution အလွန်မြင့်မားသော Display Resolution: FHD + (2400 × 1080) PPI 405 ပါဝင်သည့်အပြင် In-Cell Touch Screen Technology ကို ထည့်သွင်းထားသောကြောင့် ဖုန်းအသုံးပြုခြင်း၊ ရုပ်ရှင်၊ ဗီဒီယိုများကြည့်ခြင်းနှင့် ဂိမ်းကစားခြင်းတို့ကို အထူးကောင်းမွန်စေပါတယ်။ မည်သည့် အလင်းရောင် အခြေအနေတွင်မဆို ဖုန်းကို ကောင်းမွန်စွာ မြင်တွေ့ အသုံးပြုနိုင်တဲ့ AI Backlight Adjustment ပါဝင်ကာ မျက်လုံးကို အန္တရာယ်ဖြစ်စေသော အပြာရောင် အလင်းတန်းများမှ ကာကွယ်ပေးသည့် ထောက်ခံချက် လက်မှတ်ကိုလည်း TÜV Rheinland မှ ရရှိထားပါတယ်။ လက်တွင် ကိုယ်တွယ်သုံးစွဲရန် အဆင်ပြေစေမည့် ကောင်းမွန်သော 3D Quad-curve body နှင့် Side Fingerprint Unlock (ဘေးဘက်လက်ဗွေစနစ် ဖုန်းလော့ခ်ဖွင့်ခြင်း) ပါဝင်သောကြောင့် Screen တွင် လက်‌ဗွေရာ ထင်ခြင်းမရှိဘဲ လက်တစ်ဖက်တည်းနှင့် လွယ်လွယ်ကူကူ လျှင်မြန်စွာ ဖွင့်နိုင်မှာဖြစ်ပါတယ်။

ကင်မရာ စွမ်းဆောင်မှုများတွင် အမည်ကောင်းရထားသော OPPO သည် ယခု OPPO A52 ၏ ကျောဘက် ကင်မရာတွင် 12MP Main Camera၊ 8MP Ultra Wide Camera၊ 2MP Mono Camera၊ 2MP Portrait Camera ကင်မရာ (၄) လုံးကို အသုံးပြုထားပြီး ရှေ့ဘက်ကင်မရာတွင် OPPO ၏ AI နည်းပညာသုံး အလှပြင်ခြင်းဆိုင်ရာများနှင့်အတူ ဆန်းသစ်လှပသော Selfie များ ဖန်တီးပေးနိုင်သော 16MP Front Camera ပါဝင်ပါတယ်။ 12MP Main Camera မှ ကြည်လင်ပြတ်သားသော ပုံရိပ်များကို ထုတ်လုပ်ပေးသည့်အပြင် 119° အလွန်ကျယ်သော ထောင့်ကျယ်မှန်ဘီလူး ပါဝင်သည့် Ultra Wide Camera မှလည်း မြင်ကွင်းကျယ် ဓာတ်ပုံဆန်းများကို ရရှိမည်ဖြစ်ပါတယ်။

2MP Mono Camera နှင့် 2MP Portrait Camera ပါဝင်သောကြောင့် ဆန်းသစ်လှပသော Portrait ဓာတ်ပုံများကို ပေးစွမ်းပြီး f/1.8 အလင်းဝင်ပေါက်ရှိ မှန်ဘီလူးက အလင်းကို ပိုမို ဖမ်းယူနိုင်သည့်အပြင် ညအချိန်တွင် ရိုက်ကူးသော Ultra Night Mode 2.0 ကပါ ဓာတ်ပုံအရည်အသွေးကို ပိုမိုကောင်းမွန်အောင် မြင့်တင်ပေးနိုင်ပါတယ်။ OPPO A52 တွင် ဗီဒီယိုရိုက်ကူးရာတွင် တုန်ခါမှု မဖြစ်ပေါ် စေသည့် Video Anti-Shake ပါဝင်ပြီး ပုံရိပ်များကို ထင်ထင်ရှားရှား တည်တည်ငြိမ်ငြိမ် ရိုက်ကူးနိုင်မည် ဖြစ်သည်။ ထောင့်ကျယ်ဗီဒီယိုရိုက်ကူးမှုအသစ်နှင့် 120fps အနှေးရိုက်ကူးချက် Slow-motion ဗီဒီယို လုပ်ဆောင်ချက်များက သက်ဝင်လှုပ်ရှားနေသော အမိုက်စား 4K ဗီဒီယိုကောင်းများကို မှတ်တမ်း တင်ထားရှိနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ကောင်းမွန်သည့် 5000mAh Battery ပါရှိသောကြောင့် အချိန်ကြာမြင့်စွာ အသုံးပြုနိုင်သည့်အပြင် အခြားဖုန်းကို ပြန်လည် အားသွင်းပေးနိုင်သော Reverse Charging လည်း ပါဝင်ပါတယ်။ Type C အမျိုးအစား ဖြစ်ကာ 18W Fast Charge System ပါဝင်သောကြောင့် ၄၅ မိနစ်အတွင်း 0% မှ 50% အထိ အားပြန် ဖြည့်ပေးနိုင်ပါတယ်။ သီချင်း၊ ဓာတ်ပုံ၊ ဂိမ်းနှင့် ဗီဒီယိုများ၊ Application များ စိတ်ကြိုက် သိမ်းဆည်းထားနိုင်သော ကြီးမားသော သိုလှောင်မှု ပမာဏ RAM 4GB + 128GB ROM ပါဝင်ပြီး Qualcomm Snapdragon Processor 665 Octa-Core Processor လည်း ထည့်သွင်းထားသဖြင့် ဂိမ်းနှင့် ဗီဒီယိုတို့တွင် အထစ်အငေါ့မရှိ ချောမွေ့သော လုပ်ဆောင်မှုကို ရရှိစေပါတယ်။

Dual Stereo Speaker + Dirac 2.0 ပါဝင်သောကြောင့် ဂီတသံ၊ ဗီဒီယိုနှင့် ဂိမ်းများ၏ အသံကို အလိုအလျောက် ခွဲခြားပေးပြီး ပိုမို ကောင်းမွန်သော အသံစွမ်းဆောင်မှု အတွေ့အကြုံကို ပေးနိုင်ပါတယ်။ Android Ver. 10 ကို အခြေခံထားသော အဆင့်မြင့် ကောင်းမွန်သည့် ColorOS 7.1 နှင့်အတူ Dark Mode, Hyperboost၊ Smart Side Bar နှင့် Multi-User Mode စတဲ့ အလွန် အသုံးဝင်သော လုပ်ဆောင်မှုများလည်း ပါဝင်ပါတယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top