Clean Yangon တစ်ပတ်အတွင်း လှုပ်ရှားမှုများ (ဒီဇင်ဘာ (၁၁) ရက် မှ (၁၇) ရက်အတွင်း)

17-12-2020-yyl22.jpg

ဒီတစ်ပတ်မှာ Clean Yangon အဖွဲ့သားတွေအနေနဲ့ ဘယ်နေရာတွေမှာ လှူဒါန်းမှုတွေပြုလုပ်ခဲ့လည်းဆိုတာကို မျှဝေပေးချင်ပါတယ်။

အိမ်တိုင်ရာရောက်လှူဒါန်းတဲ့ “မျှဝေဖေးကူဒို့အတူ” အစီအစဉ်အနေနဲ့ကတော့ ဒီတစ်ပတ်မှာ တောင်ဒဂုံမြို့နယ်၊ (၆၀) ရပ်ကွက်အတွင်းက မိသားစုများအတွက် အခြေခံစားသောက်ကုန်တွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။

ဒါ့ပြင် ရန်ကုန်ဆေးရုံကြီးနဲ့ ဝေဘာဂီဆေးရုံကြီး (မြောက်ဥက္ကလာပမြို့နယ်) က ကျန်းမာရေးဝန်ထမ်းတွေအတွက် ထမင်းဗူးလှူဒါန်းတာမျိုးတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။

တောင်ဒဂုံမြို့နယ်၊ (၆၀) ရပ်ကွက်အတွင်းက မိသားစုများအတွက် အိမ်ထောင်စုတစ်စုကို ဆန် (၆) ပြည်အပါအဝင် အခြေခံစားသောက်ကုန်တွေကို ဒီဇင်ဘာ (၁၅) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

ရန်ကုန်ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်း (၂၀၀) စာအတွက် အာဟာရဒါနအဖြစ် ညနေစာထမင်းဗူး (၂၀၀) ကို ဒီဇင်ဘာ (၁၅) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

ကိုဗစ်ကာလမှာ အခက်အခဲဖြစ်နေတဲ့ တောင်ဒဂုံမြို့နယ်၊ (၆၀) ရပ်ကွက်အတွင်းက မိသားစု (၂၀၀) အတွက် အိမ်ထောင်စုတစ်စုကို ဆန် (၆) ပြည်အပါအဝင် အခြေခံစားသောက်ကုန်တွေကို ဒီဇင်ဘာ (၁၄) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

ရန်ကုန်ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်း (၂၀၀) စာအတွက် အာဟာရဒါနအဖြစ် ညနေစာထမင်းဗူး (၂၀၀) ကို ဒီဇင်ဘာ (၁၄) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

ရန်ကုန်ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်း (၂၀၀) စာအတွက် အာဟာရဒါနအဖြစ် ညနေစာထမင်းဗူး (၂၀၀) ကို ဒီဇင်ဘာ (၁၃) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

ရန်ကုန်ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်း (၂၀၀) စာအတွက် အာဟာရဒါနအဖြစ် ညနေစာထမင်းဗူး (၂၀၀) ကို ဒီဇင်ဘာ (၁၁) နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

Photos- Clean Yangon
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top