Clean Yangon တစ်ပတ်အတွင်း လှုပ်ရှားမှုများ (နိုဝင်ဘာ (၆) ရက် မှ (၁၂) ရက်အတွင်း)

12-11-2020-yyl-022.jpg

ဒီတစ်ပတ်မှာ Clean Yangon အဖွဲ့သားတွေအနေနဲ့ ဘယ်နေရာတွေမှာ လှူဒါန်းမှုတွေပြုလုပ်ခဲ့လည်းဆိုတာကို မျှဝေပေးချင်ပါတယ်။

အိမ်တိုင်ရာရောက်လှူဒါန်းတဲ့ “မျှဝေဖေးကူဒို့အတူ” အစီအစဉ်အနေနဲ့ကတော့ ဒီတစ်ပတ်မှာ လှိုင်သာယာ နဲ့ ရွှေပြည်သာမြို့နယ်အတွင်းက အိမ်ထောင်စုများကို အခြေခံစားသောက်ကုန်တွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။

သန်လျင်၊ မင်္ဂလာဒုံ၊ လှည်းကူး၊ ထောက်ကြံ့၊ မှော်ဘီမြို့နယ်အတွင်းက သီလရှင်စာသင်တိုက်တွေကို ဆန်၊ ဆီ အပါအဝင် အခြေခံစားသောက်ကုန်များ သွားရောက်လှူဒါန်းခဲ့ပါတယ်။
ဒါ့ပြင် Clean Yangon နဲ့ အလှူရှင်များစုပေါင်းကာ “ကလျာဏလူငယ်များပရဟိတအသင်း”ကို လူနာတင်ယာဉ် (၁) စီး လှူဒါန်းခဲ့ပါတယ်။

Clean Yangon အနေနဲ့ အပတ်စဉ်သောကြာနေ့တိုင်း ရန်ကုန်ဆေးရုံကြီးနဲ့ ဝေဘာဂီဆေးရုံကြီး (မြောက်ဥက္ကလာပမြို့နယ်) က ကျန်းမာရေးဝန်ထမ်းတွေကို ထမင်းဗူးလှူဒါန်းတာမျိုးတွေလည်း ပြုလုပ်ခဲ့ပါတယ်။

ရွှေပြည်သာမြို့နယ်အတွင်းက မိသားစု (၂၅၀) အတွက် အိမ်ထောင်စုတစ်စုကို ဆန် (၆) ပြည်အပါအဝင် ငွေ (၁၅,၀၀၀) ကျပ် တန်ဖိုးရှိ အခြေခံစားသောက်ကုန်တွေကို နိုဝင်ဘာ (၁၁) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

ဖောင်ကြီးကိုဗစ်ကုသရေးစင်တာအတွက် 10 လီတာအသက်ရူစက် (၂) လုံး နဲ့ Surgical Gown အစုံ (၁၀၀) တို့ကို နိုဝင်ဘာ (၁၁) နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

ကိုဗစ်ကာလမှာ အခက်အခဲဖြစ်နေတဲ့ ရွှေပြည်သာမြို့နယ်၊ (၁၈) ရပ်ကွက်အတွင်းက မိသားစု (၂၀၀) အတွက် အိမ်ထောင်စုတစ်စုကို ဆန် (၆) ပြည်အပါအဝင် ငွေ (၁၅,၀၀၀) ကျပ် တန်ဖိုးရှိ အခြေခံစားသောက်ကုန်တွေကို နိုဝင်ဘာ (၁၀) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

သန်လျင်မြို့နယ်အတွင်းက သီလရှင်စာသင်တိုက်တွေဖြစ်တဲ့ မြသင်္ဂီသီလရှင်စာသင်တိုက်၊ သိရီဓမ္မာသီလရှင်ကျောင်း၊ ဂုဏဝိတေသီသီလရှင်ကျောင်း နဲ့ ဓမ္မိကာရာမ သီလရှင်ကျောင်း
တွေကို တစ်ကျောင်းလျှင် ငွေ (၃) သိန်းကျပ်တန်ဖိုးရှိ ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ကုလားပဲ၊ ပဲနို့စတဲ့ အခြေခံစားသောက်ကုန်တွေကို နိုဝင်ဘာ (၁၀) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

ထားဝယ်ချောင်အမှိုက်ပုံက အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန်တွေကို နိုဝင်ဘာ (၉) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

သန်လျင်မြို့နယ်အတွင်းက သီလရှင်စာသင်တိုက်တွေဖြစ်တဲ့ စန္ဒာရာမ သီလရှင်ကျောင်း၊ နှစ်ဖက်လှ ၉၆၉ သီလရှင်ကျောင်း၊ ကမ္ဘောဇဓမ္မာဂုဏ်ရည် သီလရှင်ကျောင်း၊ မဏိမဂ်လာ သီလရှင်တိုက်ကျောင်း နဲ့ ဝီရသီတောရသုမနာရာမ သီလရှင်စာသင်တိုက်တွေကို တစ်ကျောင်းလျှင် ငွေ (၃) သိန်းကျပ်တန်ဖိုးရှိ ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ကုလားပဲ၊ ပဲနို့စတဲ့ အခြေခံစားသောက်ကုန်တွေ နိုဝင်ဘာ (၈) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

ကိုဗစ်ကာလမှာ အခက်အခဲဖြစ်နေတဲ့ လှိုင်သာယာမြို့နယ်အတွင်းက မိသားစုများအတွက် အိမ်ထောင်စုတစ်စုကို ဆန် (၆) ပြည်အပါအဝင် အခြေခံစားသောက်ကုန်တွေကို “အတူတူ ကူညီကြရအောင်(နွမ်းပါးပြည်သူများကို ကူညီခြင်း) အဖွဲ့” ကိုယ်စား နိုဝင်ဘာ (၈) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

Clean Yangon နဲ့ အလှူရှင်များစုပေါင်းကာ “ကလျာဏလူငယ်များပရဟိတအသင်း” ကို လူနာတင်ယာဉ် (၁) စီး နိုဝင်ဘာ (၇) ရက်နေ့က လှူဒါန်းခဲ့ပါတယ်။

မင်္ဂလာဒုံ၊ လှည်းကူး၊ ထောက်ကြံ့၊ မှော်ဘီမြို့နယ်အတွင်းက သီလရှင်စာသင်တိုက်တွေဖြစ်တဲ့ ကုလဓီတာသီလရှင်သင်တိုက်၊ ချမ်းမြေ့ဂုဏ်ရည် သီလရှင်ကျောင်း၊ အလင်းရောင် (ဟင်္သာတ) သီလရှင်ကျောင်း၊ သမိဒ္ဓောဒယ ဖျာပုံ သီလရှင်စာသင်တိုက်၊ မြသိဂ်ီသီလရှင်ကျောင်း၊ အပ္ပမာတ သီလရှင်ကျောင်း၊ သဒ္ဓမ္မဝါဒီ သီလရှင်ကျောင်း၊ မြင့်မြတ်ဂုဏ်ရည် သီလရှင်ကျောင်း၊ ရတနာသိဒ္ဓိ သီလရှင်ကျောင်း နဲ့ ပညာရောင်ခြည် သီလရှင်ကျောင်းတွေကို တစ်ကျောင်းလျှင် ငွေ (၃) သိန်းကျပ်တန်ဖိုးရှိ ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ကုလားပဲ၊ ပဲနို့စတဲ့ အခြေခံစာ

Photos- Clean Yangon

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top