Dai-ichi Life Insurance Myanmar မှ မြန်မာနိုင်ငံသို့ ရောက်ရှိခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည်အား ဆင်နွှဲ

One-Year-Anniversary_Dai-ichi-Life-Insurance-Myanmar.png

Dai-ichi Life Insurance Myanmar Ltd. (Dai-ichi Life) မှ မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့ခြင်း တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံ အသက်အာမခံဈေးကွက်အတွင်း လုပ်ငန်း လိုင်စင်ရရှိခဲ့ပြီးစတင်ခြေချခဲ့သည့် ၂၀၁၉ ခုနှစ်မှစတင်၍ “People First” ဟူသည့် ၎င်း၏ ခံယူချက်ကို လက်ကိုင်ပြုကာ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းအား မိမိတို့၏ ဘဝတွင် အကန့်အသတ်များ မထားပဲ ရှင်သန်နေထိုင်သွားရန် စိတ်ဓာတ်ခွန်အားပေးလျက်ရှိသည်။

Dai-ichi Life Insurance Myanmar သည် ၂၀၂၀ ခုနှစ်တွင် ၎င်း၏ လူသိများသော အသက်အာမခံအမျိုးအစားတစ်ခု ဖြစ်သည့် Dai-ichi Life Pro အား အောင်မြင်စွာမိတ်ဆက်နိုင်ခဲ့သည့် ပထမဆုံးသော နိုင်ငံခြား အသက်အာမခံကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။ Dai-ichi Life Pro အသက်အာမခံအစီအစဉ်သည် အာမခံထားရှိသူများ၏ ဘဏ္ဍာရေးပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် ပြီပြည့်စုံလှသော အသက်အာမခံအစီအစဉ်တစ်ခုဖြစ်ပြီး Dai-ichi Life Insurance Myanmar ၏ အနာဂတ်တွင် ထပ်မံထွက်ရှိမည့် အာမခံအစီအစဉ်သစ်များအတွက်ပါ လမ်းသစ်တစ်ခု ချဲ့ထွင်ဖောက်လုပ်ပေးနိုင်ခဲ့သည်။ Dai-ichi Life Insurance Myanmar အနေနှင့် ဘဏ္ဍာရေးကိုစီမံခန့်ခွဲလိုသူများအတွက်လည်း ဘဏ္ဍာရေးပိုင်းဆိုင်ရာ အသိအမြင်၊ ဗဟုသုတများ ပိုမိုမြင့်မားလာစေရန်နှင့် အာမခံလုပ်ငန်းဆိုင်ရာအခွင့် အလမ်းများ အတွက် အခမ်းအနားများ၊ Virtual Webinars များကျင်းပကာ လေ့လာသင်ယူခွင့်များစွာ ဖန်တီးပေး နိုင်ခဲ့သည်။

ထို့အပြင် Dai-ichi Life Insurance Myanmar သည် ကမ္ဘာတစ်ဝှမ်းဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ကပ်ရောဂါ အန္တရာယ်မှလည်း ကြိုတင်လက်ဦးမှုရယူကာ ပြင်ဆင်ဆောင်ရွက်မှုများကို ပြုလုပ်ပေးခဲ့သည်။ ဝန်ထမ်းများနှင့် မိတ်ဖက်ကိုယ်စားလှယ်များ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေးအနေဖြင့် ဦးတည်ဆောင်ရွက်ခဲ့ပြီး နေအိမ်များမှနေကာ အလုပ်လုပ်ခြင်းအပါအဝင် အခြားသော ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းစဉ်များအား အစောဆုံး စီမံဆောင်ရွက်နိုင်ခဲ့သည့် ကုမ္ပဏီများအနက် တစ်ခုအဖြစ်လည်း ရပ်တည်နိုင်ခဲ့သည်။ ထို့အပြင် အာမခံထားရှိသူများနှင့် ထိုသူများ၏ ချစ်ခင်ရသူများကိုပါ ကိုဗစ်-၁၉ ကူးစက်မှု အခြေအနေမှ ပိုမိုအကာအကွယ်ပေးနိုင်ရန် ရည်ရွယ်၍ ‘People First Fund’ အား မတည်ပေးခဲ့သည်။ ပြည်သူများအတွက် ရောဂါပြန့်ပွားမှုမှ ကာကွယ်နိုင်ဖို့ အသိပညာပေးခြင်းနှင့် အခြားသော ကူညီထောက်ပံ့မှုများကိုလည်း အဖက်ဖက်မှ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

Dai-ichi Life Insurance Myanmar အနေနှင့် Dai-ichi Life Experience Centre (DLEC) ကို ကျောက်တံတားမြို့နယ် Sule Square ၏ မြေညီထပ်တွင် ဖွင့်လှစ်ခဲ့ပြီး အာမခံထားရှိသူများကို ပိုမို ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးအပ်သွားမည် ဖြစ်သည်။ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များနှင့် ပိုမို အရေအတွက်များပြားလာသော ၎င်း၏ ဘဏ္ဍာရေးဆိုင်ရာ အကြံပေးသူများအတွက် Dai-ichi Life Insurance Myanmar ရုံးခွဲတစ်ခုကိုလည်း ယခင်နှစ်ဦးပိုင်းက ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့သည်။

မြန်မာနိုင်ငံဈေးကွက်သို့ ဝင်ရောက်လာသည်မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သော Dai-ichi Life Insurance Myanmar သည် လူမှုဖွံ့ဖြိုးတိုးတက်မှုကဏ္ဍများတွင် တက်ကြွစွာလှုပ်ရှားဆောင်ရွက်နေသည့် အခြားသော ကုမ္ပဏီများနှင့်လည်း ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်များ ပြုလုပ်လျက်ရှိနေပြီး ဝန်ဆောင်မှုများ ပိုမိုတိုးချဲ့ပေးသွားနိုင်ရန်စီစဉ် လျက်ရှိနေပါသည်။

မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့သော ပထမဆုံးတစ်နှစ်တာကာလအတွင်း ကပ်ရောဂါဖြစ်ပွားနေပါလျက် အောင်မြင်ပြီးမြောက်ခဲ့ သည့် ရလဒ်များအတွက် Dai-ichi Life Insurance Myanmar က ဂုဏ်ယူဝမ်းမြောက်လျက်ရှိပြီး အနာဂတ်တွင်လည်း အမျိုးစုံလင်လှသော အစီအစဉ်များ ဖြင့် မြန်မာနိုင်ငံသူ နိုင်ငံသားများအား ကောင်းမွန်သော အကျိုးရလဒ် များဖန်တီးပေးနိုင်ရန်လည်း မျှော်မှန်းလျက်ရှိသည်။ Dai-ichi Life Insurance Myanmar သည် ၎င်း၏ ဝန်ဆောင်မှုများနှင့် လုပ်ငန်းဆိုင်ရာအခွင့်အလမ်းများမှတစ်ဆင့် မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် “အကန့်အသတ်မရှိသော မနက်ဖြန်များစွာ” ကိုလည်း ယူဆောင်လာပေးသွားမည်ဖြစ်သည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top