(နိုဝင်ဘာ (၂၀) ရက် မှ (၂၇) ရက်အတွင်း)
ဒီတစ်ပတ်မှာ Clean Yangon အဖွဲ့သားတွေအနေနဲ့ ဘယ်နေရာတွေမှာ လှူဒါန်းမှုတွေပြုလုပ်ခဲ့လည်းဆိုတာကို မျှဝေပေးချင်ပါတယ်။
အိမ်တိုင်ရာရောက်လှူဒါန်းတဲ့ “မျှဝေဖေးကူဒို့အတူ” အစီအစဉ်အနေနဲ့ကတော့ ဒီတစ်ပတ်မှာ အရှေ့ဒဂုံ၊ မင်္ဂလာဒုံ နဲ့ သန်လျင်မြို့နယ်အတွင်းက အိမ်ထောင်စုများကို အခြေခံစားသောက်ကုန်တွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။
ဒါ့ပြင် သီလရှင်စာသင်တိုက်တွေကို ဆန်၊ ဆီ အပါအဝင် အခြေခံစားသောက်ကုန်များ သွားရောက်လှူဒါန်းခဲ့ပါတယ်။
Clean Yangon အနေနဲ့ အပတ်စဉ်သောကြာနေ့တိုင်း ရန်ကုန်ဆေးရုံကြီးနဲ့ ဝေဘာဂီဆေးရုံကြီး (မြောက်ဥက္ကလာပမြို့နယ်) က ကျန်းမာရေးဝန်ထမ်းတွေကို ထမင်းဗူးလှူဒါန်းတာမျိုးတွေလည်း ပြုလုပ်ခဲ့ပါတယ်။

ကိုဗစ်ကာလမှာ အခက်အခဲဖြစ်နေတဲ့ သန်လျင်မြို့နယ်အတွင်းက မိသားစု (၃၀၀) အတွက် အခြေခံစားသောက်ကုန်တွေကို နိုဝင်ဘာ (၂၅) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

လှည်းကူးမြို့၊ မနာပဒါယီကျောင်းတိုက်ရှိ သံဃာတော်များအတွက် နေ့ဆွမ်းအဖြစ် ဒန်ပေါက်နဲ့ ရေခဲမုန့်များကို နိုဝင်ဘာ (၂၅) ရက်နေ့က ဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။

ကိုဗစ်ကာလ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နေတဲ့ မန္တလေးအခြေစိုက် မနောကြာဖြူ လူမှုရေးအသင်းရဲ့ လူနာတင်ယာဉ်ကား စတီးပြားကာရံခြင်း၊ ဆေးသုတ်ခြင်း၊ လူနာတင် ကုတင်ဝယ်ယူခြင်းအတွက် ကုန်ကျငွေ (၈) သိန်းကျပ်ကို စေတနာရှင်များကိုယ်စား Clean Yangon မှ နိုဝင်ဘာ (၂၄) ရက်နေ့က လှူဒါန်းခဲ့ပါတယ်။

မင်္ဂလာဒုံမြို့နယ်အတွင်းက မိသားစု (၂၀၀) အတွက် အိမ်ထောင်စုတစ်စုကို ဆန် (၆) ပြည်အပါအဝင် ငွေ (၁၅,၀၀၀) ကျပ် တန်ဖိုးရှိ အခြေခံစားသောက်ကုန်တွေကို နိုဝင်ဘာ (၂၃) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

HL အမျိုးသားကျန်းမာရေးဓါတ်ခွဲခန်းရှိ ကျန်းမာရေးဝန်ထမ်းများအတွက် Enervon-C Myanmarမှ လှူဒါန်းပေးထားတဲ့ Enervon-C အလုံးရေ (၂၀၀၀) နဲ့ စေတနာရှင်များလှူဒါန်းပေးထားတဲ့ မေမြို့ Fresh ကော်ဖီ နဲ့ မုန့်များကို နိုဝင်ဘာ (၂၃) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

ကရင်ပြည်နယ်၊ ကြာအင်းတောက်တက်လမ်းတစ်လျှောက်မှာ ချစ်စဖွယ်အမှိုက်ပုံးထားရှိနိုင်ရန်အတွက် Clean Yangon မှ အမှိုက်ပုံး (၂၀) ခုစာအတွက် ငွေ (၅) သိန်းကျပ်ကို စေတနာရှင်များကိုယ်စား နိုဝင်ဘာ (၂၂) ရက်နေ့က လှူဒါန်းခဲ့ပါတယ်။

မြင်သာမြို့ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို နိုဝင်ဘာ (၂၂) ရက်နေ့က ပဲနို့ကဒ်များ သွားရောက်လှူဒါန်းခဲ့ပါတယ်။

Australian Aid ၊ Plan International နဲ့ Clean Yangon တို့ ပူးပေါင်းပြီး လှိုင်သာယာမြို့နယ်၊ ညောင်ရွာအတွင်းက မိသားစု (၄၀၀) အတွက် အိမ်ထောင်စုတစ်စုကို ဆန် (၆) ပြည်အပါအဝင် ငွေ (၁၅,၀၀၀) ကျပ် တန်ဖိုးရှိ အခြေခံစားသောက်ကုန်တွေကို နိုဝင်ဘာ (၂၁) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

ရွှေခြင်္သေ့ဦးသီလရှင်ကျောင်းတိုက်ကို ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ကုလားပဲ၊ ပဲနို့စတဲ့ အခြေခံစားသောက်ကုန်တွေ နိုဝင်ဘာ (၂၁) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

ကိုဗစ်ကာလမှာ အခက်အခဲဖြစ်နေတဲ့ အရှေ့ဒဂုံမြို့နယ်အတွင်းက မိသားစု (၃၀၀) အတွက် အိမ်ထောင်စုတစ်စုကို ဆန် (၆) ပြည်အပါအဝင် ငွေ (၁၅,၀၀၀) ကျပ် တန်ဖိုးရှိ အခြေခံစားသောက်ကုန်တွေကို နိုဝင်ဘာ (၂၀) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။

မင်္ဂလာသိင်္ဂီသီလရှင်စာသင်တိုက် နဲ့ ချမ်းမြေ့ရတနာသီလရှင်စာသင်တိုက်တွေကို ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ကုလားပဲ၊ ပဲနို့စတဲ့ အခြေခံစားသောက်ကုန်တွေ နိုဝင်ဘာ (၂၀) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။
Photos- Clean Yangon
Cherry(ရိုးရာလေး)