လူသုံးကုန်ပစ္စည်းတွေ ဘတ်တီးရီးယားပိုးမွှားသန့်စင်သွားဖို့ ဘယ်လိုသန့်ရှင်းရေးလုပ်မလဲ

11-11-2020-yyl-001.jpg

ကျွန်တော်တို့အများစုအတွက် အသုံးဝင်တဲ့ပစ္စည်းတွေမှာ ဘတ်တီးယားပိုးမွှားတွေ၊ ရောဂါပိုးမွှားတွေ ကပ်ညှိနေတတ်ပါတယ်။ ကျွန်တော်တို့ နှစ်စဉ်အသုံးပြုနေတဲ့ သွားတိုက်တံဆိုရင်လည်း ၃ လ တစ်ခါလဲပေးရတယ်ဆိုတာ လူတိုင်းအသိပါပဲ။ (၃) လတစ်ခါမလဲခင် သွားတိုက်တံကို ပိုးမွှားတွေမဝင်ရောက်နိုင်အောင် သန့်စင်ပေးဖို့တော့လိုပါတယ်။ သွားတိုက်တံမှာ ရှိတဲ့ မျက်စိနဲ့မမြင်နိုင်တဲ့ အလွန်သေးငယ်တဲ့ ဘတ်တီးရီးယားပိုးမွှားတွေက ကျွန်တော်တို့ရဲ့ခံတွင်းကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သင် အမြဲလိုလိုသုံးလေ့ရှိတဲ့ အရာတော်တော်များများကို ရောဂါပိုးမွှားတွေ ကင်းစင်သွားဖို့အတွက် ဘယ်လိုသန့်စင်ရမလဲဆိုတာ ဒီဆောင်းပါးကနေတဆင့် မျှဝေပေးလိုက်ရပါတယ်။ အိမ်မှာ ဘတ်တီးရီးယားကြီးထွားမှုကို သတိပြုမိဖို့ အရမ်းအရေးကြီးပါတယ်။

သွားတိုက်တံကို သန့်စင်ဖို့အတွက် ခံတွင်းသန့်ဆေးရည်ကို အသုံးပြုပါ

ကျွန်တော်တို့ သွားတိုက်တံ အသုံးပြုတဲ့အချိန်တိုင်း ရေချိုးခန်းက ဘတ်တီးရီးယားတွေက ကျွန်တော်တို့ရဲ့ပါးစပ်ထဲကို ဝင်ရောက်လာနိုင်ပါတယ်။ အဲဒီလိုမဖြစ်ဖို့အတွက် သွားတိုက်တံကို ပိုးသတ်သန့်စင်ပေးဖို့လိုပါတယ်။ သွားတိုက်တံ သုံးပြီးသွားရင် ခံတွင်းသန့်ဆေးရည်နဲ့ (၂) မိနစ်လောက် စိမ့်ပြီး သန့်စင်ပေးနိုင်ပါတယ်။

မီးဖိုချောင်သုံးသစ်သားပစ္စည်းတွေကို သန့်စင်ဖို့ဆိုရင်

သစ်သားယောက်ချို၊ သစ်သားစင်းနှီးတုံးတို့လို မီးဖိုချောင်သုံးပစ္စည်းတွေကို ရောဂါပိုးမွှားကင်းစင်ပြီး သန့်စင်သွားဖို့အတွက် သံပရိုသီးစိပ်နဲ့ပွတ်ပေးပါ။ မလိုအပ်တဲ့အနံ့အသက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ ရေနဲ့သန့်စင်ပြီးသွားရင် ဟင်းသီးဟင်းရွက်ဆီ၊ အုန်းဆီတို့နဲ့လည်း သုတ်ပေးထားလို့ရပါတယ်။ ဒီလိုလုပ်တာက ရောဂါပိုးမွှားတွေမကပ်ညှိဖို့အတွက် အကူအညီဖြစ်စေပါတယ်။

ခေါင်းဘီးကို သေချာသန့်စင်ပေးပါ

ခေါင်းဘီးတွေကို သန့်စင်ပေးဖို့မေ့တတ်ကြပါတယ်။ ကျွန်တော်တို့ဆံပင်ကပါလာတဲ့ ဖုန်မှုန့်အညစ်အကြေးတွေ၊ ပိုးမွှားတွေက ခေါင်းဖြီးလိုက်တဲ့အခါ ဘီးမှာ ကပ်ညှိသွားနိုင်ပါတယ်။ ဒါကြောင့် တစ်လကို ၁ ကြိမ် သန့်စင်ပေးသင့်ပါတယ်။ ခေါင်းဘီးကို သန့်စင်မဆေးကြောခင် တစ်ညလုံး ဆပ်ပြာနဲ့ စိမ်ထားသင့်ပါတယ်။

ပန်းသီးအရက်ဗင်နီဂါနဲ့ ယောဂကျင့်တဲ့အခင်းကို ပိုးသတ်သန့်စင်ပါ

ယောဂကျင့်တဲ့အခင်းမှာလည်း ရောဂါပိုးမွှားတွေရှိနေတတ်ပါတယ်။ အခင်းကို ကြမ်းပြင်မှာထားတဲ့အတွက်ရော လူကနေကျတဲ့ချွေးတွေကြောင့်ပါ ဘတ်တီးရီးယားတွေ ပေါက်ဖွားလာနိုင်ပါတယ်။ ဒါကြောင့် ယောဂကျင့်ဖို့အတွက် အခင်းကို အသုံးပြုတဲ့အခါတိုင်း သန့်စင်ပေးဖို့လိုပါတယ်။ ရေနဲ့ ပန်းသီးအရက်ဗင်နီဂါတို့ကို အချိုးအဆတူရောပြီး အဝတ်နဲ့သုံးပေးရုံပါပဲ။ ဗင်နီဂါက ပိုးသတ်ပေးနိုင်စွမ်းရှိပါတယ်။

ငွေထည်တွေကို ဆိုဒါ၊ ဆားတို့နဲ့ သန့်စင်ပါ

ငွေထည်တွေကိုလည်း သန့်စင်သွားဖို့နဲ့ နဂိုအတိုင်းပြန်ဖို့အတွက် ဆိုဒါ (စားပွဲတင်ဇွန်း ၁ ဇွန်း) နဲ့ ဆား (စားပွဲတင်ဇွန်း ၁ဇွန်း) တို့ရောစပ်ပြီး ငွေထည်မှာ အဲဒီအရောအနှောကို သုတ်ပြီး ပွတ်ပွတ်ဆူတဲ့ရေထဲစိမ်ထားပါ။။ တစ်ညလုံးစိမ်လိုက်ရင် အညစ်အကြေးတွေရေထဲပျော်ဝင်သွားပြီး ငွေထည်တွေ သစ်လွင်သန့်စင်သွားပါလိမ့်မယ်။

Ref: Cleaning Hacks to Finally Kiss Those Germs Goodbye

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top