မြန်မာသင်္ကြန်ရဲ့ အဆုံးစွန်သော လန်းဆန်းမှုကို CLEAR မှ မြန်မာနိုင်ငံသူနိုင်ငံသားများ၊ အနုပညာရှင်များနှင့် ပူးပေါင်းဆင်နွှဲဲခဲ့

23-7-2020-yyl-018.jpg

၂၀၁၆ခုနှစ် မြန်မာ့နှစ်သစ်မှာ Clear မှ ရန်ကုန်နဲ့ မန္တလေးရှိ သန်းပေါင်းများစွာသော မြန်မာနိုင်ငံ သူ၊ နိုင်ငံသားများကို Clear ခေါင်းလျှော်စက်များနဲ့ အဆုံးစွန်သော လန်းဆန်းမှုကို ပေးစွမ်းကာ သင်္ကြန်ပွဲကို အတူတူ ဆင်နွှဲပြီး မြန်မာ့နှစ်သစ်ကို ကြိုဆိုခဲ့ပါတယ်။

Clear LED Ice Cool van ကားဖြင့် သင်္ကြန်မတိုင်မီ ဧပြီ ၅ရက်နေ့မှ ၁၁ ရက်နေ့အထိ ရန်ကုန်နဲ့ မန္တလေးတစ်ဝိုက် လှည့်လည်သွားလာပြီး လူအများကို သင်္ကြန်ရက်တွေမှာ Clear ရှိရာနေရာများသို့လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ Clear ခေါင်းလျှော်ရည် အထုပ်များကိုလည်း လက်ဆောင်ပေးအပ်ခဲ့ပြီး အကအဖွဲ့တွေရဲ့ ဖျော်ဖြေမှုများနဲ့ ဖျော်ဖြေ တင်ဆက် ခဲ့ပါတယ်။

သင်္ကြန်ရက်များတွင်လည်း Clear မှ Clear ခေါင်းလျှော်စက်ကြီးများ လာရောက်အသုံးပြုသူတွေကို Clearရဲ့ အသိအမှတ်ပြု ဗောက်ပျောက်ခေါင်းလျှော်ရည်များ ဖြစ်တဲ့ Ice Cool Menthol နဲ့ Clear Men Shampoo တွေကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။ လာရောက်သူတွေကလည်း ခေါင်းလျှော်စက်ကြီးများတွင် အခမဲ့ ခေါင်းလျှော်ခဲ့ကြပြီး ပျော်စရာဓာတ်ပုံများလည်း အတူတကွ ရိုက်ခဲ့ကြပါတယ်။

“နွေရာသီက အရမ်းပူတော့ လူကမလန်းဘူး။ နေအရမ်းပူတော့ ခေါင်းယားပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း မရှိဘူး။ Clear Ice Cool Menthol နဲ့ ခေါင်းလျှော်ပြီးတော့ ချက်ချင်းကို အေးပြီး လန်းဆန်းသွားတယ်။ Clear က လုပ်တဲ့သင်္ကြန်ပွဲကလည်း အရမ်းပျော်ဖို့ကောင်းတယ်။ နောက်နှစ်တွေမှာလည်း ဒီလိုအစီအစဉ်မျိုးရှိရင် ထပ်မံပါဝင်ချင်ပါတယ်” လို့ Clear ခေါင်းလျှော်စက်ကြီးမှာ လာရောက်ခေါင်းလျှော်ခဲ့သူ တစ်ဦးကပြောခဲ့ပါတယ်။

မန္တလေး Clear Booth မှာ နန်းခင်ဇေယျာ နှင့် ဟဲလေး၊ ရန်ကုန် Clear Booth မှာ နိုင်းဝမ်း နှင့် နန်းမြတ်ဖြိုးသင်း စတဲ့ အနုပညာရှင်တွေကလည်း Clear ရဲ့ ဧရာမခေါင်းလျှော်စက်မှာ ပါဝင်အားဖြည့်ခဲ့ကြပါတယ်။ Unilever ရဲ့ ထိပ်တန်းအမှတ်တံဆိပ် တစ်ခုဖြစ်တဲ့ Clear က အဆုံးစွန်သောလန်းဆန်းမှုကို ပေးစွမ်းနိုင်ပြီး ဗောက်လုံးဝရှင်းစေရန် အရည်အသွေးအကောင်းဆုံး ကုန်ပစ္စည်းတွေကို ပေးအပ်လျှက်ရှိပါတယ်။ ယခုသင်္ကြန်အစီအစဉ်ကတစ်ဆင့် Clear က မြန်မာ့နှစ်သစ်ကို ပါဝင်ဆင်နွှဲရင်း ပထမဆုံးသော Clear ဧရာမခေါင်းလျှော်စက်ကြီးကို ယူဆောင်လာခြင်းအားဖြင့် သင်္ကြန်ပွဲကို ပိုမိုပျော်ရွှင်အောင်လုပ်ပေးခဲ့သလို အမှတ်တံဆိပ်နှင့် သုံးစွဲသူတွေအကြား ခင်မင်မှု ပိုစေခဲ့ပါတယ်။

Clear ခေါင်းလျှော်ရည်အကြောင်း ထပ်မံသိရှိလိုရင်တော့ Clear ရဲ့ Facebook Page https://www.facebook.com/Clear-Myanmar-576493995834390/ မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top