ဆေးဖက်ဝင် တမာရွက်၏ ကောင်းကျိုးများ

13-3-2020-yyl-008.jpg

တမာပင်တစ်ပင်လုံး၏ ကောင်းကျိုးအဖြာဖြာများထဲမှ တမာရွက်၏ ဆေးဖက်ဝင်ပုံ နှင့် အသုံးပြုပုံ အနည်းငယ် မျှဝေပေးချင်ပါသည်။ တမာရွက်ကို တိုင်းရင်းဆေးများတွင် အရည်ပြားရောဂါ ကုသရာ၌ ထည့်သွင်း ဖော်စပ်တတ်ကြသည်။ ရှေးဦးစွာ တမာရွက်ကို ရေနွေးဖျော၊ ညက်နေအောင် ကြိတ်ထားရပါမည်။

တမာရွက်ကြိတ်ဖက်ကို ဝက်ခြံ နှင့် အခြားသောအရေပြားရောဂါတို့တွင် အုံပေးပါက အမာရွတ်မကျန်ဘဲ သက်သာစေပါသည်။ ယားနာဝေဒနာ အတွက်ကတော့ တမာကြိတ်ဖက်ကို နနွင်းရည် သို့မဟုတ် နှင်းဆီရည် တစ်မျိုးမျိုးဖြင့် ရောနယ်ကာ အနာများပေါ်တွင် လိမ်းကျံပေးပါက သက်သာပျောက်ကင်းစေနိုင်သည်။ တမာရွက်အခြောက်ကို အမှုန့်ကြိတ်ပြီး ဆံပင်ပေါင်းဆေးနှင့် တွဲဖက်ကာ ဆံပင်ကို ပေါင်းတင်ပေးခြင်းဖြင့် ဆံသားကျွတ်ခြင်း နှင့် ဆံပင်ဖြူခြင်းတို့ကို ကာကွယ်ပေးနိုင်ပါသေးသည်။

ကျောက်ပေါက်ဝေဒနာအတွက် အသုံးပြုပုံမှာ တမာရွက် နှင့် တမာကိုင်းများကို ရေနွေးဖြင့်ပြုတ်ပါ။ တမာပြုတ်ရည်နွေးနွေးကို ရေချိုးကန်တွင်ထည့်ပြီး စိမ်ပေးပါက ယားယံခြင်းနှင့် အရေပြားနီရဲလာခြင်းကို သက်သာစေပါလိမ့်မည်။ ဝေဒနာပျောက်ကင်းသည့် အခါတွင်လည်း အမာရွတ်အနည်းငယ်သာ ကျန်စေသည်အထိ အစွမ်းထက်လှသည်။ ထို့အပြင် တမာရွက်ခြောက်ကို လက်ဖက်ခြောက်ရွက်နှင့် ရောခတ်ကာ ကျန်းမာရေး ရေနွေးကြမ်းအဖြစ်လည်း သောက်သုံးနိုင်ပါသေးသည်။ အထက်ပါနည်းများမှာ အိမ်တွင် မိမိဘာသာ ပြုလုပ်နိုင်မည့် နည်းလမ်းများဖြစ်သဖြင့် အကျိုးများလိမ့်ဟု ယုံကြည်ပါသည်။

Ref: Diet Health Club
Stacy Chan (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top