ငှက်ပျောသီးနဲ့ ပေါင်းတင်ပါ

banana-mask.jpg

ဆောင်းရာသီဆိုတော့ ခရီးတွေလည်း ဆက်တိုက်သွား၊ ပြန်လာတော့ အလုပ်တွေပုံနေလို့ အလုပ်တွေဖိလုပ်။

ဒီလိုနဲ့ အသားအရည်တွေ ဆံပင်တွေ ပျက်စီးပြီး မလှမပဖြစ်နေလို့ စိတ်ညစ်နေရပါတယ်။ အခု ကုန်ကျစရိတ် နည်းနည်းနဲ့ အချိန်လည်းသိပ်ပေးစရာမလိုတဲ့ ငှက်ပျောသီးပေါင်းတင်နည်းလေးနဲ့ အဆင်ပြေနေလို့ ရိုးရာလေးစာဖတ်သူမိတ်ဆွေတို့ကို မျှဝေပေးပါရစေ။

၁) ငှက်ပျောသီးမှည့်မှာ ပိုတက်စီယမ်ဓါတ်တွေ အများကြီးပါတာကြောင့် အသားအရေကို ဖြူဖွေးချောမွေ့စေ ပါတယ်။ သီးမွှေး (သို့) ဖီးကြမ်းငှက်ပျောသီး မှည့်တစ်လုံးကို ကြိတ်စက်ထဲကြိတ်ပါ။ ဒါမှမဟုတ် ပန်းကန်သန့်သန့်ထဲ ဇွန်းနဲ့ ညက်နေအောင် ခလောက်ပြီး သစ်ပြီးစမျက်နှာပေါ် ညီနေအောင် လိမ်းပါ။ မျက်လုံးထဲကိုမဝင်အောင် ဂရုစိုက်ရပါမယ်။ ၁၅-၂၀ မိနစ်ခန့် ထားပြီးရင်တော့ မျက်နှာထပ်သစ်လိုက်ပါ။ အသားအရည်ကို ထိန်းညှိပေး တဲ့အတွက် အသားညိုညစ်နေတာ၊ မျက်အိတ်ဖောင်းနေတာ၊ အဆီပြန်တာ၊ အသားခြောက်တာ၊ အရေးအကြောင်းထင်နေတာတွေ သက်သာသွားပါ လိမ့်မယ်။

၂) ဆံပင်တွေခြောက်ကပ်နေပြီး ဦးရေပြားယားယံဘောက်ထနေ သူတွေလည်း ငှက်ပျောသီးမှည့်နှစ်လုံးကို ကြိတ်စက်ထဲ ကြိတ်ချေပြီး ဦးခေါင်း အနှံ့သေချာလိမ်းပါ။ ပြီးရင်တော့ သဘက်သန့်သန့်တစ်ထည် နဲ့သေချာ ပတ် ပြီး မိနစ် ၂၀ ခန့်ထားပြီး ခေါင်းလျှော်လိုက်ပါ။ ဆံပင်တွေပျော့ပျောင်း သန်စွမ်းသွားပြီး ဦးရေပြားယားယံတာ တွေ သက်သာသွားပါလိမ့်မယ်။

မျက်နှာကိုရော ဆံပင်ကိုပါ တစ်ပြိုင်တည်းပေါင်းတင်ရင်ပိုအဆင်ပြေတာမို့ သီးမွှေး (သို့) ဖီးကြမ်းငှက်ပျောသီးမှည့်လေး တစ်ဖီးလောက်ဝယ်ပြီး ပေါင်း တင်လိုက် ကြပါစို့လား။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top