အဖေဆိုတာ

grandfather-father-and-son-PRJ9WTA.jpg

– အဖေဆိုတာ နုတ်က ခပ်ကြမ်းကြမ်း ပြောချင် ပြောလိမ့်မယ် ဒါပေမယ့် ရင်ထဲက သားသမီးအပေါ် ချစ်တဲ့စိတ်က နူးညံ့ သိမ်မွေ့လှပါတယ်။

– အဖေဆိုတာ ငွေကြေး အများကြီး ရှာနိုင်ချင်မှ ရှာနိုင်လိမ့်မယ် ဒါပေမယ့် သူရှာကြွေးတဲ့ ငွေကြေးနဲ့ မိသားစု ထမင်း နပ်မှန်အောင် ကျွေးမယ့်လူမျိုးပါ။

– အဖေဆိုတာ ပညာတတ်ချင်မှ တတ်လိမ့်မယ် ဒါပေမယ့် မွေးလာတဲ့ သားသမီးတွေကိုတော့ ပညာတတ်ကြီး ဖြစ်စေချင်တယ်။

– အဖေဆိုတာ အသောက်အစား ရှိချင် ရှိလိမ့်မယ် ဒါပေမယ့် သားသမီးတွေကိုတော့ လိမ္မာစေချင်တယ်။

အဖေတွေဟာ တစ်ခါတစ်ရံမှာ ရင်ထဲမှာ ရှိတာတွေကို ထုတ်ပြီး ဟန်လုပ်ကာ မပြောတတ်ဘူး။ နာကျင်စရာ ရှိရင်လည်း မျိုသိပ်ပြီးတော့ နာကျင်လိုက်တယ်၊ ပျော်စရာရှိရင် ရင်ထဲကပဲ ပျော်နေလိုက်တယ်။ သားသမီးတွေကို အမြဲတမ်း ဝမ်းမနည်းစေချင်ဘူး မပူဆွေးစေချင်ဘူး။ အစစ အရာရာ အဖေတို့ အနစ်နာ ခံခဲ့ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top