ကလေးတွေ ဘေးကင်းစွာ ကျောင်းပြန်တက်နိုင်ဖို့ ပိုက်ဆံစိုက်ထုတ်ပြီး ကျောင်းကိုပြင်ဆင်ပေးနေတဲ့ ထိုင်းဆရာ/ ဆရာမများ

8-6-2020-yyl-017.jpg

COVID-19 ကပ်ရောဂါကြောင့် စာသင်ကျောင်းတွေကို ပိတ်ထားရတဲ့အတွက် နိုင်ငံတော်တော်များများမှာ ခါတိုင်းနှစ်တွေလို (၆) လပိုင်းမှာ ကျောင်းတွေပြန်ဖွင့်ခွင့်မရခဲ့ကြပါဘူး။ အဲဒီလိုပဲ ထိုင်းနိုင်ငံက ကျောင်းတွေ မေလ၊ ဇွန်လတွေမှာ ပြန်ဖွင့်ဖို့က ၂၀၂ဝပြည့်နှစ် ဇူလိုင် (၁) ရက်နေ့ကို ရွေ့ထားခဲ့ရပါတယ်။ ဇူလိုင် (၁) ရက်နေ့မှာ ကျောင်းတွေ့ပြန်ဖွင့်တဲ့အခါ စာသင်ခန်းတွေမှာ COVID-19 မပျံ့နှံ့နိုင်ဖို့အတွက် အခုဆိုရင် ကျောင်းဝန်ထမ်းနဲ့ဆရာ၊ ဆရာမတွေက Social Distancing စည်းမျဉ်းနဲ့ အညီ စာသင်ခန်းတွေကို ပြင်ဆင်ကြရတော့မှာဖြစ်ပါတယ်။ စားပွဲပေါ်တွေမှာ ပလတ်စတစ်အကြည်တွေ တပ်ဆင်တာ၊ စာသင်ခုံတွေကို အကွာအဝေး ချဲထားတာတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။

တချို့ကျောင်းတွေက ကျောင်းသားကျောင်းသူတွေ ဘေးကင်းစွာကျောင်းတက်နိုင်ဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေလုပ်ဖို့ရာ ငွေရေးကြေးရေးမတက်နိုင်တဲ့ ကျောင်းတချို့ရှိနေပါတယ်။ ထိုင်းနိုင်ငံက Wat Pichai School က Social Distancing စည်းမျဉ်းနဲ့အညီ တပ်ဆင်တာတွေပြုလုပ်ဖို့အတွက် ငွေကြေးမတတ်နိုင်ပါဘူး။ ဒါပေမဲ့ ဗိုင်းရပ်စ်မပျံ့နှံ့နိုင်ဖို့၊ ကလေးတွေ ဘေးကင်းဖို့အတွက် စာသင်ခန်းတွေကို လိုအပ်တဲ့ပစ္စည်းတွေတပ်ဆင်ဖို့ ဆရာ၊ဆရာမတွေနဲ့ ကျောင်းဝန်ထမ်းတွေက သူတို့ရဲ့ကိုယ်ပိုင်ငွေတွေကို အားလုံးစုပေါင်းပြီး စိုက်ထုတ်ခဲ့ကြပါတယ်။ Wat Pichai School က ဘန်ကောက်မြို့ရဲ့ Bueng Kum ခရိုင်မှာ တည်ရှိတဲ့ စာသင်ကျောင်းငယ်လေးတစ်ခုပါ။ အဲဒီကျောင်းမှာ မူလတန်းကနေ (၆) တန်းအထိ ကျောင်းသား၊ကျောင်းသူဦးရေ စုစုပေါင်း ၂၂၀ ရှိပြီး ဆရာမ၊ဆရာမ (၈) ဦးနဲ့ အစောင့် (၂) ဦးတို့သာရှိပါတယ်။

ရန်ပုံငွေမလုံလောက်တဲ့အတွက် ကျောင်းရဲ့ဒါရိုက်တာ ဆာရစ်ရတ် ဒန်ရယုန်ဆင်ဆက်က အခြားဆရာ၊ ဆရာမများနဲ့ပူးပေါင်းပြီး ကူညီခဲ့တာဖြစ်ပါတယ်။ ဆရာ၊ဆရာမတွေက ကျောင်းအတွက် သူတို့ရဲ့ကိုယ်ပိုင်ငွေတွေ သုံးခဲ့ရပေမယ့် ကျောင်းသား၊သူတွေ ဘေးကင်းဖို့အတွက် လိုလိုလားလားကို လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဇူလိုင် (၁) ရက်နေ့မှာ ဘေးကင်းစွာနဲ့ကျောင်းတက်နိုင်ဖို့ရာ လုံခြုံရေးပစ္စည်းတွေ အတူပူးပေါင်းပြီး တပ်ဆင်ပေးနေခဲ့ကြပါတယ်။ အခုဆိုရင် အားလုံးပူးပေါင်းပြီး Social Distancing စည်းမျဉ်းနဲ့အညီ ပြင်ဆင်ဆောင်ရွက်မှုတွေ ကျောင်းပြန်ဖွင့်နိုင်ဖို့ အဆင့်သင့်တောင်ဖြစ်နေပါပြီ။

Ref: Thai Teachers Prepare For Reopening Of Schools With Safety Equipment Out Of Their Own Pockets

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top