စိတ်ဓာတ်ကြံ့ခိုင်ပြီး ပရဟိတစိတ်အပြည့်ရှိတဲ့ လေဒီဂါဂါ (Lady Gaga)

6157862-0-image-a-2_1542171800812.jpg

အသက် ၃၂ နှစ်အရွယ်ရှိ နာမည်ကျော်အဆိုတော် လေဒီဂါဂါ (Lady Gaga) ဟာ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း မာလီဘူးအရပ်မှာ တောမီးလောင်ကျွမ်းမှုကြောင့် ကိုယ်တိုင်နေအိမ်ကို စွန့်ခွာတိမ်းရှောင်နေရပေမဲ့ ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေဆီကို ပီဇာတွေ သွားရောက် လှူဒါန်းခဲ့ပါတယ်။

လေဒီဂါဂါဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က မီးဘေးကြောင့် ဒုက္ခရောက်နေကြတဲ့ မိသားစုတွေဆီ သွားရောက် လုပ်အားပေးရင်း လှုဒါန်းခဲ့တာ ဖြစ်ပါတယ်။ သွားရောက်လှူဒါန်းခဲ့တဲ့ ဓာတ်ပုံတွေကို လူမှုကွန်ယက်ပေါ်မှာ တင်ထားခဲ့သလို တောမီးကို အစွမ်းကုန် ကြိုးပမ်းငြှိမ်းသတ်နေကြတဲ့ မီးသတ်သမားတွေကိုလည်း တွစ်တာ (Twitter) ပေါ်မှာ ချီးကျူးစကားတွေ ရေးသားဖော်ပြခဲ့ပါတယ်။ မီးဘေး တိမ်းရှောင်နေရသူတွေ အချင်းချင်း ကူညီဖေးမကြဖို့နဲ့ အားလုံးနဲ့အတူ တသားတည်း ရှိနေမှာဖြစ်တယ်လို့ ပြည်သူတွေကို အားပေးနှစ်သိမ့်ခဲ့ပါတယ်။ လေဒီဂါဂါဟာ သူကိုယ်တိုင်လည်း သူ့ရဲ့နေအိမ်ကို စွန့်ခွာထားခဲ့ရတာ ဖြစ်ပါတယ်။

အခုချိန်ထိဆို မီးဘေးကြောင့်သေဆုံးသူဦးရေဟာ အယောက် ၅၀ လောက် ရှိလာပါပြီ။ တောမီးဟာ မြေဧက ၉၆၀၀၀ လောက်ကို လောင်ကျွမ်းခဲ့ပြီးဖြစ်သလို လူပေါင်း ၂၆၅၀၀၀ လောက်ဟာ သူတို့ရဲ့ အိမ်တွေကို စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။ မီးဘေးကြောင့် နေအိမ် ဆုံးရှုံးခဲ့ရသူတွေထဲမှာ နာမည်ကြီး သရုပ်ဆောင်တွေနဲ့ အဆိုတော်တွေလည်း ပါဝင်နေပါတယ်။

Ref: Daily Mail “Lady Gaga Surpises Red Cross evacuation shelter by arriving with pizza and coffee”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top