အာဆင်နယ်၊ ချဲလ်ဆီး၊ ဂျူဗင်တပ်တို့ ပွဲကြပ် နွှဲရမယ့် ချန်ပီယံလိဂ် ၁၆ သင်း အဆင့် မဲခွဲမှု

539732.png

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ပွဲစဉ်တွေကို မဲခွဲရာမှာ လက်ရှိ ချန်ပီယံ ဘာစီလိုနာအသင်းက အာဆင်နယ်နဲ့ တွေ့ဆုံနေပြီး မနှစ်တုန်းက ဒုတိယ ရခဲ့တဲ့ ဂျူဗင်တပ်ကလည်း ဘိုင်ယန်မြူးနစ်နဲ့ တွေ့နေပါတယ်။

ဒီအတွက် မနှစ်တုန်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားခဲ့တဲ့ နှစ်သင်းလုံး ပွဲကြီးပွဲကောင်း နွှဲရဖို့ ရှိနေပါတယ်။

ချန်ပီယံလိဂ်မှာ အုပ်စု အဆင့်ကို ကျော်ဖြတ်နိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ ချဲလ်ဆီးကလည်း ပြင်သစ်လိဂ်မှာ ခြေစွမ်းပြနေတဲ့ ပီအက်စ်ဂျီနဲ့ တွေ့ဆုံနေတာကြောင့် မဲခွဲပွဲမှာ လန်ဒန်ကလပ် အသင်း နှစ်သင်းရဲ့ ကံကြမ္မာက မခြားနားဘူးလို့ ဆိုနိုင်ပါတယ်။

ဒီတစ်ကြိမ် တွေ့ဆုံမှုဟာ ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်မှာ သုံးနှစ်ဆက်တိုက် တွေ့ဆုံမှုပါ။ ၂၀၁၃-၁၄ ရာသီ ကွာတားဖိုင်နယ်မှာ ချဲလ်ဆီးက အနိုင်ရခဲ့ပေမယ့် မနှစ်တုန်းက ၁၆ သင်းအဆင့်မှာ ပီအက်စ်ဂျီက အဝေးဂိုး အားသာချက်နဲ့ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပါတယ်။

အာဆင်နယ်နဲ့ ဘာစီလိုနာ တွေ့ဆုံမှုကတော့ ခြောက်နှစ်အတွင်း သုံးကြိမ်မြောက်ပါ။ အာဆင်နယ်ဟာ ဘာစီလိုနာနဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်(၇)ပွဲမှာ တစ်ပွဲပဲ အနိုင်ရခဲ့ပါတယ်။ မန်စီးတီးကတော့ ၂၀၁၀-၁၁ ရာသီမှာ သူတို့ကို ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပြိုင်ပွဲကနေ ထွက်စေခဲ့တဲ့ ယူကရိန်းကလပ် ဒိုင်နမိုကိဗ်နဲ့ တွေ့နေပါတယ်။

ပထမအကျော့ ပွဲစဉ်တွေကို ဖေဖော်ဝါရီ ၁၆-၁၇၊ ၂၃-၂၄ ရက်တွေမှာ ကျင်းပသွားမှာဖြစ်ပြီး ဒုတိယအကျော့ ပွဲစဉ်တွေကိုတော့ မတ်လ ၈-၉၊ ၁၅-၁၆ ရက်တွေမှာ ကျင်းပသွားမှာပါ။

အဲဒီနောက် ယူရိုပါလိဂ် ၃၂ သင်း အဆင့် မဲခွဲပွဲတွေကို ဆက်လက်ကျင်းပရာမှာ ချန်ပီယံလိဂ်ကနေ အုပ်စုပြောင်းလာရတဲ့ မန်ယူကတော့ ဒိန်းမတ်ကလပ် မစ်ဂျေလန်းနဲ့ တွေ့ဆုံနေပြီး ဖီအိုရင်တီးနား-စပါး၊ ဒေါ့မွန်-ပေါ်တို၊ အော့စ်ဘတ်- လီဗာပူး ပွဲတွေကတော့ အကြိတ်အနယ် နွှဲရမယ့် ပွဲစဉ်တွေ ဖြစ်နေပါတယ်။ မစ်ဂျေးလန်းဟာ အင်္ဂလန် အသင်းတွေနဲ့ ၄ ပွဲ ကစားရာမှာ တစ်ပွဲပဲ ရှုံးခဲ့ဖူးတဲ့ အသင်းပါ။

————————————–
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မဲခွဲမှု

အာဆင်နယ် – ဘာစီလိုနာ
ဂျူဗင်တပ် – ဘိုင်ယန်မြူးနစ်
ပီအက်စ်ဂျီ – ချဲလ်ဆီး
ရိုးမား – ရီးရဲလ်
ဒိုင်နမိုကိဗ် – မန်စီးတီး
ပီအက်စ်ဗီ – အက်သလက်တီကို
ဂျန့် – ဝုဖ်ဘတ်
ဘင်ဖီကာ – ဇင်းနစ်

————————————–
ယူရိုပါလိဂ် ၃၂ သင်းအဆင့်

ဗလင်စီယာ – ရက်ပစ်ဗီယင်နာ
ဖီအိုရင်တီးနား – စပါး
ဒေါ့မွန် – ပေါ်တို
ဖီနာဘာချီ – လိုကိုမိုးတစ်မော်စကို
အန်ဒါလက်ခ်ျ – အိုလံပီယာကို့စ်
မစ်ဂျေလန်း – မန်ယူ
အော့စ်ဘတ် – လီဗာပူး
စပါတာပရက် – ခရက်စ်နိုဒါ
ဂါလာတာစာရေး – လာဇီယို
ဆီယွန် – ဘရာဂါ
ရှက်တာဒိုးနက် – ရှော်လ်ကေး
မာဆေးလ် – ဘီလ်ဘာအို
ဆီဗီလာ – မိုလ်ဒီ
စပို့တင်းလစ္စဘွန်း – လေဗာကူဆင်
ဗီလာရီးရဲလ် – နာပိုလီ
စိန့်အီတီယန် – ဘေဆယ်

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top