မိခင်နဲ့တူသော ဇနီး

momwife.jpg

ကမ္ဘာပေါ်မှာ မိခင်ဆိုတာ တစ်ယောက်ပဲ ရှိပါတယ်။

သို့သော် မိခင်နဲ့ တူသော အမျိုးသမီးတစ်ယောက်ဟာ သင့်ရဲ့ ဇနီးသော်လည်းကောင်း၊ ချစ်သူသော်လည်းကောင်း ရရှိပိုင်ဆိုင်ထားတယ် ဆိုရင် အလွန်မှ ကံကောင်းပါပေတယ်။

၁) စိတ်ပူတတ်ခြင်း

တစ်စုံတစ်ခု ဆိုရင် မိခင်တစ်ယောက် စိတ်ပူပန်တတ်သလို အမျိုသမီးတွေဟာ စိတ်ပူပန်တတ်ကြပါတယ်။ သူတို့၏ အိမ်ထောင်ဘက်မှာ တစ်စုံတစ်ခု ဖြစ်နေမလားဆိုတဲ့ စိုးရိမ်စိတ်ဟာ မိခင်တစ်ယောက်နှင့် အလားသဏ္ဍန်တူပါပေတယ်။

၂) ကြင်နာ၊ ယုယ မြတ်နိုးခြင်း

တစ်ချို့သော အမျိုးသမီးတွေဟာ မိမိ၏ ခင်ပွန်းအပေါ် ကြင်နာ၊ ယုယ မြတ်နိုးတာဟာ တစ်ခါတစ်လေ အတိုင်းအထက်အလွန် ဖြစ်နေတတ်ပါတယ်။ ထိုသူတို့ဟာလည်း မိခင်တစ်ယောက် သားသမီးအပေါ် ကြင်နာ၊ ယုယ
မြတ်နိုးခြင်းတွေနဲ့ ဆင်တူပါပေတယ်။

၃) အခက်အခဲတွေကို ကူညီဖြေရှင်းပေးခြင်း

မိမိ၏ ခင်ပွန်းမှာ အခက်အခဲဖြစ်နေပြီဆိုရင် အားပေး နစ်သိမ့်ကာ အခက်အခဲတွေကို ကူညီပြီး ဖြေရှင်းပေးတတ်ကြတဲ့ အမျိုးသမီးတွေလည်း များစွာရှိပါတယ်။

၄) ပေးဆပ်မူနဲ့သာ ချစ်ခြင်း

မိခင်တွေဟာ သားသမီးတွေကို ချစ်တဲ့ အချစ်ဟာ ရယူလိုစိတ် လုံးဝ မပါပါဘူး။ ဒီလိုပဲ မိခင်နဲ့တူသော အမျိုးသမီးတွေဟာလည်း မိမိ၏ အိမ်ထောင်ဘက် အမျိုးသားအပေါ်မှာ ရယူလိုစိတ် မရှိဘဲ ပေးဆပ်မူနဲ့ ချစ်ကြပါတယ်။

၅) စိတ်ညစ်မူတွေကို ဖယ်ရှားပေးခြင်း

မိမိ၏ ခင်ပွန်းတစ်စုံတစ်ခုကြောင့် စိတ်ထိခိုက်နေမယ်ဆိုရင် အတတ်နိုင်ဆုံး စိတ်ညစ်မူတွေကို ဖယ်ရှားပေးနိုင်အောင် ကြိုးစားကြတယ်။ မိခင်နဲ့တူသော မိန်းမတွေဟာ ခင်ပွန်းသည် စိတ်ညစ်နေရင် သူတို့လည်း မပျော်တတ်ကြပါဘူး။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top