ဆာနေးကို ဘိုင်ယန်မြူးနစ်ထံ ပေါင် ၅၄.၈ သန်းနဲ့ ရောင်းချဖို့ မန်စီးတီး သဘောတူညီ

1-7-2020-yyl-012.jpg

မန်စီးတီးအသင်းဟာ တောင်ပံကစားသမား လီရွိုင်းဆာနေးကို ဘိုင်ယန်မြူးနစ်အသင်းထံ ပေါင် ၅၄.၈ သန်းနဲ့ ရောင်းချဖို့ သဘောတူညီလိုက်ပါပြီ။ ဂျာမနီလက်ရွေးစင် ကစားသမား ဆာနေးအတွက် ဘိုင်ယန်မြူးနစ်က ပေါင် ၄၄.၇ သန်း ကနဦးပေးချေမှာဖြစ်ပြီး ထပ်ဆောင်းဆုကြေးခံစားခွင့်အရ ပေါင် ၁၀ သန်း ထပ်ပေးရဖို့ ရှိပါတယ်။ အသက် ၂၄ နှစ်ရှိတဲ့ ဆာနေးဟာ ၂၀၁၆ ခုနှစ်မှာ ရှော်လ်ကေးကနေ မန်စီးတီးအသင်းထံ ပေါင် ၃၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၂ လုံး ဆွတ်ခူးခဲ့သူပါ။

ပြီးခဲ့တဲ့နှစ်က ပြည်တွင်းဖလား ၃ လုံး ဆွတ်ခူးနိုင်ခဲ့တဲ့ မန်စီးတီးအသင်းမှာလည်း အဓိကကစားသမားဖြစ်ခဲ့ပါတယ်။သူဟာ မန်စီးတီးအတွက် ၁၉၂ ပွဲ ကစားချိန်မှာ ၅၂ ဂိုး သွင်းယူနိုင်ခဲ့သူပါ။ ဒါပေမဲ့ ဒီရာသီမှာတော့ ဒဏ်ရာကြောင့် အနားယူနေရသူပါ။ ပြီးခဲ့တဲ့နှစ် အပြောင်းအရွှေ့မှာကတည်းက ဘိုင်ယန်မြူးနစ်က သူ့ကို ခေါ်ယူဖို့ ဆက်သွယ်ခဲ့ပါသေးတယ်။ ဆာနေးနဲ့ မန်စီးတီးအသင်း ချုပ်ဆိုထားတဲ့ စာချုပ်က လာမယ့်ရာသီကုန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ဆာနေးက စာချုပ်သစ်ချုပ်ဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဆာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ တစ်နှစ်လုပ်ခ ပေါင်သန်း ၂၀ ရရှိမှာဖြစ်ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top