ဗြိတိန်နိုင်ငံရဲ့ ဒေသတွင်း ကမ်းခြေတွေမှာ လူထောင်ချီ စုဝေးမှုဖြစ်ပွား

26-6-2020-yyl-008.jpg

ဒေသတွင်း ကမ်းခြေတွေကို လူထောင်ချီ လာရောက်ခဲ့တဲ့ဖြစ်ရပ်က မတော်တဆမှုကြီးတစ်ရပ် ဖြစ်တယ်လို့ အင်္ဂလန်နိုင်ငံတောင်ပိုင်းရဲ့ အရာရှိတွေက ကြေညာခဲ့ပါတယ်။ ဒီနှစ်ရဲ့ အပူဆုံးနေ့အဖြစ် စံချိန်တင်ခဲ့တဲ့ ပြီးခဲ့တဲ့ကြာသပတေးနေ့က ဒေါ်ဆတ်စီရင်စုမှာရှိတဲ့ ဘုန်းမောက်နဲ့ ဆန်းဘန့်မြို့တွေမှာ ကမ်းခြေတွေကို လူအုပ်ကြီး ရောက်ရှိလာခဲ့တာပါ။

ကမ်းခြေတွေကို မလာကြဖို့ အကြံပေးထားပေမဲ့ ကမ်းခြေတွေမှာ နေပူဆာလှုံသူတွေ၊ ကားတွေ ပြည့်နှက်သွားခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှု၊ တရားမဝင် ယာဉ်ရပ်နားမှု၊ လူမှုရေးအရ မသင့်တော်တဲ့ အပြုအမူတွေ ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့ နံနက်ပိုင်းမှာ ကမ်းရိုးတန်းတစ်လျှောက်ကနေ စွန့်ပစ်အမှိုက်တန်ချိန် ၄၀ ကျော်ကို ဖယ်ရှားခဲ့ရပါတယ်။ အဲဒီမြင်ကွင်းကို တွေ့မြင်လိုက်ရလို့ တကယ့်ကို တုန်လှုပ်ချောက်ခြားမိတယ်လို့ ကောင်စီအကြီးအကဲ ဆလာဒီက ပြောပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top