ကိုယ်ဝန်ဆောင်သည်တွေမှာ တွေ့ရတဲ့ သံဓာတ်ချို့တဲ့ခြင်းလက္ခဏာရပ်များ

19-10-2020-yyl-027.jpg

အခုလိုကပ်ရောဂါအတွင်းမှာ ကိုယ်ခံအားနည်းတဲ့လူတွေ၊ ဗီတာမင်ဓာတ်တစ်ခုခုချို့တဲ့တဲ့လူတွေ၊ နာတာရှည်ရောဂါအခံရှိတဲ့သူတွေက ပိုပြီး ကိုဗစ်ရောဂါကူးစက်ခံရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတွေလည်း ကပ်ရောဂါအတွင်းမှာ အထူးဂရုစိုက်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာဖြစ်တတ်တဲ့ ပြောင်းလဲမှုတော်တော်များများကို ပိုဆိုးရွားစေနိုင်ပါတယ်။ သံဓာတ်ချို့တဲ့တဲ့ ကိုယ်ဝန်ဆောင်သည်တွေက အခြားကျန်းမာရေးပြဿနာတွေလည်း ဖြစ်လာနိုင်ပါတယ်။ သံဓာတ်ချို့တဲ့မယ်ဆိုရင် ကိုဗစ်ရောဂါပိုးဝင်ရောက်လာနိုင်ချေရှိတဲ့အတွက် ကိုယ်ဝန်ဆောင်စဉ်အတွင်း သံဓာတ်ချို့တဲ့ခြင်းရဲ့လက္ခဏာရပ်တွေနဲ့ ဘယ်လိုဂရုစိုက်သင့်လဲဆိုတာကို မျှဝေပေးလိုက်ရပါတယ်။

သံဓာတ်ချို့တဲ့ခြင်း လက္ခဏာရပ်များ

အသားရေဖျော့တော့ခြင်း – မျက်လုံးတစ်ဝိုက်မှာ မျက်ကွင်းညိုတာနဲ့အတူ အသားရေက အဝါရောင်သမ်းနေတယ်ဆိုရင် ခန္ဓာကိုယ်မှာ သံဓာတ်ပမာဏနည်းနေတယ်ဆိုတဲ့ လက္ခဏာရပ်ဖြစ်ပါတယ်။

အလွန်အမင်းပင်ပန်းနွမ်းလျခြင်း – ကိုယ်ဝန်ဆောင်သည်တွေက ပင်ပန်းနွမ်းလျတာကို မကြာခဏ ကြုံတွေ့ရနိုင်ပေမဲ့ အောက်မှာ ဖော်ပြပေးထားတဲ့ လက္ခဏာရပ်တွေနဲ့အတူ အလွန်အမင်းပင်ပန်းနွမ်းလျမယ်ဆိုရင် Hemoglobin ပမာဏကို စစ်ဆေးဖို့ လိုအပ်လာပါပြီ။

လက်သည်းတွေ ကျိုးပဲ့ခြင်း – သံဓာတ်အားနည်းတာအတွက် သိသားတဲ့အချက်ကတော့ လက်သည်းကျိုးပဲ့တာပါပဲ။ လက်သည်းတွေက အဝါရောင်သမ်းပြီး မကြာခဏ ကျိုးပဲ့နေမယ်ဆိုရင် အဲဒါက ခန္ဓာကိုယ်မှာ သံဓာတ်ချို့တဲ့တာရဲ့လက္ခဏာရပ်ဖြစ်ပါတယ်။

ခေါင်းကိုက်ခြင်းနဲ့ မူးဝေခြင်း – မူးဝေတာနဲ့အတူ ခေါင်းကနေ တဆစ်ဆစ်ထိုးကိုက်နေမယ်ဆိုရင်လည်း ခန္ဓာကိုယ်မှာ သံဓာတ်ချို့တဲ့နေပြီဆိုတာကို ပြသနေတာပါ။

စားချင်သောက်ချင်စိတ်မရှိခြင်း – အော့အန်တာနဲ့အတူ စားချင်သောက်ချင်စိတ်မရှိဖြစ်တာကလည်း သံဓာတ်အားနည်းတာရဲ့လက္ခဏာဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာရပ်က ကိုယ်ဝန်ဆောင်စဉ်အတွင်း အဖြစ်များတဲ့လက္ခဏာရပ်ပါ။ ဒါကြောင့် သံဓာတ်ချို့တဲ့တာတွေမဖြစ်အောင် အနီးကပ်စောင့်ကြည့်သင့်ပါတယ်။

ခန္ဓာကိုယ်အတွင်းက သံဓာတ်ပမာဏကို ဘယ်လိုထိန်းညှိမလဲ

ကျန်းမာရေးနဲ့ညီညွတ်တဲ့သံဓာတ်ပမာဏက (၁၂) (သို့) အနည်းဆုံး (၁၀) ဖြစ်ရမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထောက်ခံထားပါတယ်။ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတွေက မိမိတို့ရဲ့ကျန်းမာရေးအတွက်ရော မွေးဖွားမလာသေးတဲ့ ဗိုက်ထဲက ကလေးလေးရဲ့ဖွံ့ဖြိုးကြီးထွားမှုအတွက်ပါ သံဓာတ်ပမာဏကို အားနည်းမသွားအောင် ထိန်းပေးဖို့ အရေးကြီးပါတယ်။ သလဲသီး၊ ငှက်ပျောသီး၊ ပန်းသီး၊ လိမ္မော်သီးနဲ့ စတော်ဘယ်ရီသီးတွေလို သစ်သီးတွေကလည်း ခန္ဓာကိုယ်အတွင်းက သံဓာတ်ပမာဏ တိုးမြှင့်အောင် ကူညီပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း သံဓာတ်ပမာဏကို ထိန်းပေးဖို့အတွက် ဟင်းနုနွယ်ရွက်၊ တရုတ်ဆီးသီးခြောက်၊ စွန်ပလွံသီး၊ ပဲနီလေးတို့ကိုလည်း စားပေးရပါမယ်။

ကပ်ရောဂါအတွင်း ကိုဗစ်ကူးစက်နိုင်ချေများခြင်း

သွေးအားနည်းခြင်းကို ဖြစ်စေတဲ့ သံဓာတ်ချို့တဲ့ခြင်းကလည်း ကိုယ်ခံအားစနစ်ကို အားနည်းစေပြီး ကိုဗစ်ကူးစက်နိုင်ချေများစေပါတယ်။ ဒီလိုအချိန်အခါမျိုးမှာ ကိုယ်ဝန်ဆောင်သည်တွေက ကိုယ်ခံအားစနစ်မနည်းအောင် ဂရုစိုက်ဖို့ အရေးကြီးလှပါတယ်။ မိမိရော၊ ဗိုက်ထဲက ကလေးရော ဘေးကင်းဖို့အတွက် တစ်နေ့တာ စားသောက်မှုပုံစံနဲ့ နေထိုင်မှုပုံစံကိုလည်း ဂရုစိုက်ရပါမယ်။ ဗီတာမင်ဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပေးမယ်ဆိုရင် သံဓာတ်ပမာဏကို ထိန်းပေးနိုင်မှာဖြစ်ပါတယ်။

Ref: Iron deficiency in pregnant women: Know the symptoms and risks during the pandemic

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top