CNLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်း ကြေညာ

23-7-2020-yyl-013.jpg

ရန်ကုန် ဇူလိုင် ၂၃
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(CNLD)ရဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ဒီနေ့မနက်မှာပဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒီထုတ်ပြန်ချက်အရ ချင်းပြည်နယ် (၉)မြို့နယ်၊ မကွေးတိုင်း (၆)မြို့နယ်၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ စုစုပေါင်း မြို့နယ် ၁၆ မြို့နယ်မှာ ကိုယ်စားလှယ်လောင်း ၄၅ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်အတွက် ၁၃ ဦး၊ ပြည်သူ့လွှတ်တော်အတွက် ၁၀ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အတွက် ၂၂ ဦး၊ စုစုပေါင်း ၄၅ ဦး ဖြစ်ပါတယ်။

ဒါ့အပြင် ချင်းတိုင်းရင်းသားလူမျိုးလွှတ်တော်အတွက်လည်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ တစ်ဦးစီ၊ စုစုပေါင်း(၃)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top